40

6.1K 1.1K 132
                                    

“၄၆ ၄၇ ၄၈ ၄၉ ၅၀ … ၁, ၂, ၃, ၄, ၅”

လျှာတစ်လစ်တစ်လစ်နဲ့ ထောင်တန်တွေချည်း ပိုက်ဆံငါးသောင်းကို သေသေချာချာ တစ်ရွက်ချင်းရေတွက်ပြီး ငါးရွက်ကိုဆွဲထုတ်ကာ

“ဒါ ငါတို့ဆာရူးလေးအတွက် ကော်မရှင်ခ၊ ဖုန်းဘေထည့်လိုက်ပေါ့”

“တော်ပါဟယ်၊ ကြောင်သန်းရဲ့အသည်းဖောက်မစားရက်ပါဘူး၊ နင့်ဘာသာနင် လောက်အောင်သုံးပါ”

“ဒီလောက်ကတော့ ငါပေးနိုင်ပါသေးတယ်၊ ကျောင်းက ငါ့အကြွေးတွေကို နင်လိုက်တောင်းပေးရတာ ဖုန်းဘေတွေအများကြီးကုန်မှာပဲ”

“ဖုန်းဘေမကုန်ပါဘူး၊ ကျောင်းမှာ နင်အကြွေးပေးထားတဲ့လူတွေက အများကြီးပဲကိုး၊ တစ်ယောက်ချင်းစီဖုန်းဆက်တောင်းရတာ မနိုင်လို့ မက်စင်ဂျာမှာ အာယုအကြွေးယူထားကြသူများ ဂရုဖွဲ့ပြီးတောင်းတာ”

“နောက်ထပ် ကျန်တဲ့အကြွေးတွေလည်း ဆက်တောင်းပေးဦးနော်”

“အေးပါ၊ ငါတို့ခြေရင်း လက်ဖက်ရည်ဆိုင်က ဝိုင်ဖိုင်တအားကောင်းတာ၊ ငါအဲ့က ဝိုင်ဖိုင်ခိုးသုံးတာမိုလို့ အင်တာနက်ခလည်းမကုန်ဘူး၊ နင်ပေးချင်သပဆိုလည်း ပေးပါ”

ဆာရူးလှမ်းယူတော့ လက်ကိုချက်ချင်းရုတ်ပစ်လိုက်တဲ့ အာယု။ ငါးထောင်မပေးရလည်း နည်းသလား။

“ကျောင်းကကောင်တွေက မှန်မှန်ကန်ကန်သမားတွေ၊ တောင်းတော့လည်း ပြန်ပေးရှာတာပဲ၊ ငါလည်းပြန်တောင်းရတာ စိတ်မကောင်းပါဘူးလို့၊ နောက် ငါကောင်းစားတော့မှ သူတို့ကို ဒီ့ထက်မက ထပ်ချေးပေးမယ်လို့ ပြောလိုက်”

“အကြောင်းမသိတာလည်းမဟုတ်ဘဲနဲ့ ကျောင်းကဟာတွေကိုများ အထင်ကြီးပြီး ချီးကျုးနေလိုက်တာ၊ ငါအခြိမ်းအခြောက်ကောင်းလို့ နင့်ပိုက်ဆံတွေ ပြန်ရတာ”

“နင်က ဘယ်လိုခြိမ်းခြောက်လိုက်လို့လဲ”

“ပေးရင်ပေး မပေးရင် ဖေ့ဘုတ်တခွင် ပြဲပြဲစင်အောင် အကောင့်တွေကို စကရင်ရိုက် Boostလုပ်ပြီး မပေးမချင်းနေ့တိုင်းနေ့တိုင်း ဘလက်လစ်တင်မယ်လို့”

“နင်ကလည်း တစ်ကျောင်းတည်းသားချင်း အဲ့လောက်ပြောဖို့ လိုလို့လား”

TRI_AGAINTempat cerita menjadi hidup. Temukan sekarang