1

1.3K 86 14
                                    

Zawgyi version

ဧပြီလ နွေဦးရာသီ၏ နေ့လည်ခင်း...
ကျောင်းအုပ်ရုံးခန်းရှေ့တွင် အနီရောင် မေပယ်သစ်ပင် ရှိရာ နွေဦးရောက်၍လားမသိ၊ လေတချက်တိုးအဝှေ့တိုင်း မေပယ်ရွက်လေးတွေ တဖြေးဖြေး ကြွေကျနေသည်။

ထိုမေပယ်ရွက်လေးတွေ ကြွေကျတာမြင်တိုင်း ဂျီမင်ရင်ထဲ မကောင်းမိ။ သူတို့လေးတွေလည်း မခွဲချင် မခွာချင်ဘဲ မေပယ်ပင်စည်ကြီးကို နှုတ်ဆက်ခဲ့ရတာမလား။

ပြတင်းပေါက်မှတဆင့် အပြင်လောကကြီးအား တငေးတမော ငေးကြည့်နေသော ဂျီမင်နှင့်မတူ ကျောင်းအုပ်ရုံးခန်းထဲတွင်တော့ အော်ဟစ်သောင်းကျန်းနေသော မိန်းမတစုနှင့် ငိုယိုညည်းတွားနေသော ကျောင်းသားတစုရှိလေသည်။

၎င်းတို့ကို ချော့မော့ဖြေသိမ့်နေရသော ကျောင်းအုပ်ကြီးခမျာ နဂိုလက်ကျန် ဆံပင်တွေပင် ကျွတ်ချင်လာသယောင် ခံစားရကာ နဖူးထိပ်ရှိ ချွေးစတို့ကို လက်ကိုင်ပုဝါဖြင့် သုတ်သင်လျက်။

"ဒီမှာ ရှင်းရှင်းပဲပြောမယ် အခုချက်ချင်း အဲ့ကောင်လေးကို ကျောင်းကနေ ထုတ်ပေးပါ"

ပတ်ဂျီမင်ဘက်သို့ ဝါးစားမတတ် စိုက်ကြည့်ရင်း လက်ညိုးထိုးကာ အဒေါ်ကြီးတယောက် အ​ရေးဆိုလေသည်။ ဂျီမင်သည်တော့ သူနှင့် မဆိုင်သည့်အလား ပုခုံးတွန့်၍ အခြားဘက်သို့ ပြန်လှည့်သွားသည်။

ကျောင်းအုပ် အခက်တွေ့ရလေပြီ။ နှစ်ဖက်စလုံးသည် အပြစ်ပြုလို့ မသင့်တော်သော အနေအထားတွင် ဖြစ်နေသည်။ အထိုးခံလိုက်ရသော ကျောင်းသားတစု၏ မိဘများမှာ ကျောင်းကို မကြာခဏ ရန်ပုံငွေ ထည့်ပေးသော နာမည်ကြီးတက္ကသိုလ်တခုရှိ ပါမောက္ခကတော်များ အုပ်စုဖြစ်ရာ ပတ်ဂျီမင်၏ နောက်ခံသည်လည်း လျှော့တွက်လို့မရ။ ထိုကလေး၏ ဦးလေးဖြစ်သူမှာ NJ groupဘက်မှ မဟုတ်လား။

နှစ်ဘက်လုံး ကျေနပ်အောင် မည်ကဲ့သို့ ဖြေရှင်းပေးရမည်လဲ။ ကျောင်းအုပ်လုပ်လာသည့် ၁၀နှစ်အတောအတွင်း ဒီနေ့လောက် ခေါင်းခဲရမည့်နေ့ ရှိတော့မည် မဟုတ်ပေ။

"ဟိုလေ မစ္စစ်လီရယ်၊ ကလေးတွေပဲ ရှိသေးတာ မဟုတ်လား သဘောထားကြီးပေးလိုက်ပါဗျာ။ ဒီလိုလုပ်လေ ဂျီမင်ဘက်က  တောင်းပန်လိုက်ရင်ရော၊ အဲ့လိုဆို ကျေအေးပေးနိုင်မလား?"

Leave Me If You DareWhere stories live. Discover now