4

493 67 8
                                    

Zawgyi version

ယနေ့ဆို ဂျီမင် ကျောင်းမလာတာ တပတ်ပင် ပြည့်တော့မည်။ တရက်သာ တွေ့ဆုံခဲ့ရသည့် ကောင်လေးပေမို့ ဆက်သွယ်ဖို့ ဖုန်းနံပါတ်ပင် ထယ်ယောင်း ရအောင် မတောင်းနိုင်ခဲ့။ အနှီကောင်လေးက သူ့ကိုတွေ့ပြီ ဆိုတာနှင့် ပတ်ပြေးနေတာ မဟုတ်လား။ ခင်စရာ သူငယ်ချင်းဟူ၍ မရှိသည်မို့ အခုမှ ကျောင်းပြောင်းလာသည့် ဂျီမင်နှင့် အတော်ပင် ရင်းနှီးချင်မိသည်။

သူဆိုရင်တော့ ကျွန်တော့်ကို ခင်ပေးလောက်မည် ထင်၍။ ကျွန်တော့်အကြောင်း သေချာမသိသေးတဲ့ သူဆိုရင်တော့ သူငယ်ချင်းဖြစ်ဖို့ လက်ခံလောက်မည် မျှော်လင့်မိ၍။

"ဟေ့ ဂေးကောင်လေး တယောက်ထဲလား? အထီးကျန်နေတယ်ဆို ဒီကအိုပါးနဲ့ ထမင်း အတူစားချင်လား?"

တကျောင်းလုံးကို လိုက်၍ဗိုလ်ကျနေသော ဆူမင်တို့အဖွဲ့က ယနေ့အတွက် ပစ်မှတ်အဖြစ် ကင်မ်ထယ်ယောင်းအား ရွေးချယ်လိုက်ဟန်တူသည်။ အသံအကျယ်ကြီးနှင့် ကန်တင်းတခုလုံးနီးပါး ကြားအောင် တမင်ပြောနေသော ဆူမင်ကြောင့် ထယ်ယောင်း နားရွက်ဖျားတွေ ရဲလာကာ စားလက်စ ထမင်းဗန်းကိုယူ၍ နေရာမှ ချက်ချင်း ထရပ်လိုက်သည်။

ထို့နောက် ခပ်ဝေးဝေးသို့ ပြေးမည် ပြင်စဉ် အကျီင်္ဂုတ်မှနေ၍ ဖမ်းဆွဲလိုက်တာကြောင့် ခြေလှမ်းတို့က အနောက်သို့ အယိုင်ယိုင်...။

"ဘာလို့ မူနေတာလဲ ဂေးလေးရဲ့။ မင်း ယောကျာ်းတွေကို သဘောကျတာ ဒီကျောင်းမှာ မသိတဲ့လူရှိသေးလို့လား။"

"လွှ..လွှတ်! ငါ့ကိုလွှတ် ဆူမင်!"

"အာရီးဂိုး... ဂေးလေး ထယ်ယောင်းက မကြိုက်ဘူးပဲ။ ဘာလဲ မင်းက တစုံတယောက် ပြောတဲ့စကားမှ နားထောင်ချင်တာလား။"

"မင်း..မင်း မလွန်နဲ့နော်။"

"ဟေ့ ဂျောင်ဂျွန်ဂု။ ငါ သူနဲ့ ထမင်းတနပ်လောက် စားလည်း ဖြစ်တယ်မလား?"

စာအုပ်ကို လက်ထဲကိုင်ရင်း စိတ်ဝင်တစား ဖတ်နေပါသော ဂျွန်ဂုသည် ဆူမင်ခေါ်သံ ကြားသည်နှင့် ခေါင်းမော့လာခဲ့သည်။ ထို့နောက် တမိနစ်ပင် ပြည့်အောင် မကြည့်၊ တဖန် စာအုပ်ထံ ရောက်သွားလေသည်။ နှုတ်မှ ထွက်လာသည့် စကားလုံးတွေကတော့ ထိုသူ၏ အကြည့်တို့အလား အေးစက်လှသည်။

Leave Me If You DareKde žijí příběhy. Začni objevovat