2

512 78 9
                                    

Zawgyi version

တစက်စက်ကျနေတဲ့ သွေးစက်တွေ။

ဇောက်ထိုး အနေအထားမှပင် ကားရှေ့ခန်းမှ မိဘ၂ဦး၏ လက်ကို ငိုကြွေးရင်း အမိအရ ဖမ်းဆုပ်ဖို့ ကြိုးစားနေမိသည်။

မိမိ၏နဖူးထက်မှလည်း သွေးများစီးကျလို့နေရာ လက်မောင်းထက် မှန်ကွဲစများ ထိုးစိုက်နေသည်က တကြောင်း၊ ယခုထိတိုင် မျက်လုံးများ ဖွင့်မလာဘဲ သတိလစ်မျောနေသော မိဘကြောင့် တကြောင်း။ မျက်နှာတပြင်လုံး မျက်ရည်ပူများ ပြည့်နှက်နေလျက် ဖခင်ဖြစ်သူကို လှုပ်နှိုးဖို့ အသည်းအသန် ကြိုးစားနေမိသည်။

"အာပါး၊ ထ၊ ထ။"

"ဂျီမင်ကြောက်တယ်။ ဂျီမင်အရမ်းကြောက်တယ်လို့။"

"အာပါး! အိုမား!"

မည်မျှပင် အော်ခေါ်နေငြား၊ တုတ်တုတ်ပင် မလှုပ်လာပါသော မိဘနှစ်ဦး။

ထို့်နောက် နောက်ဆုံးအနေနှင့် အာရုံထဲပေါ်လာပါသော ကားပေါက်ကွဲမှု။

ဂျီမင်အလန့်တကြားနှင့် နိုးထလာခဲ့သည်။ ပြတင်းမှတဆင့် ဖြာကျနေသော နေရောင်ခြည်တို့ကို ငေးမောရင်း အသက်ကို အမိအရ ဖမ်းရှူလျက်။

နားထင်တွင် စီးကျနေသော ချွေးစတို့ကို အင်္ကျီလက်ဖြင့် သုတ်သင်ရင်း တဖန်လှဲချလိုက်သည်။

အိမ်မက်ဆိုသည့်အရာကို ဂျီမင် တကယ်မုန်းသည်။
ထို့အပြင် ထိုအဖြစ်အပျက်တို့ကိုသာ မရိုးမအီနိုင်၊ တဖန်တလဲလဲ ထပ်ခါထပ်ခါ မက်နေသည်ကိုတော့ အမုန်းတီးဆုံး။

စားပွဲပေါ်၌ တင်ထားသော ဓာတ်ပုံမှန်ဘောင်ကို ကုတင်ထက်မှ လှမ်းကြည့်မိသည်။ ၅နှစ်သားတုန်းက ရိုက်ခဲ့သည့်ပုံဖြစ်မည်။ အာပါးရယ်၊ အိုမားရယ်၊ ကျွန်တော်ရယ် သုံးယောက်သား အားရပါးရ ရယ်မောနေကြသည်ကို မြင်တော့ စိတ်ထဲပင် လွမ်းလာသယောင်ယောင်။

ဘေးဖက်သို့ အကြည့်ပို့မိချိန် ကျွန်တော်အလယ်တန်းအောင်တုန်းက ဦးနှင့်တွဲကာ ရိုက်ထားသောပုံကို တွေ့လေသည်။ နှုတ်ခမ်းပါးတို့ထက် အပြုံးတို့ တွဲခိုလာပြီး ထိုဓာတ်ပုံလေးအား လှမ်းယူလိုက်သည်။ ထို့နောက် တမြတ်တနိုးငေးကြည့်နေရင်းမှ ဦးရဲ့ပါးချိုင့်နက်နက်လေးတွေကို လက်နှင့် အသာထိတွေ့မိသည်။

Leave Me If You DareWhere stories live. Discover now