Part 1(Zawgyi & Unicode)

2.8K 53 1
                                    


21. 12. 1991 (Saturday ) 06:30Am
ဒီဇင်ဘာလ အလယ်ဖြစ်၍ မြူများရစ်​သိုင်းကာ နှင်းလဲ ဖွဲဖွဲကျ​နေသည်​။ ​အ​အေးဓာတ်​ကလဲ မ​သေးလှ​ပေ။ သို့ပါ​သော်​လည်းစံအိမ်​ကြီး၏ အခန်းတွင်း တ​နေရာတွင်​​တော့ အ​အေးဓာတ်​ကိုပင်​ မခံစားနိုင်​ပဲ အမျိုးသမီးတစ်​ဦး တနည်း ကိုယ်​ဝန်​သည်​တစ်​ဦးသည်​ သူမ၏ရင်​​သွေး​လေးကို လူ့​လောကတွင်းသို့ ဝင်​လာနိုင်​ရန်​ အားသွန်​ခွန်​စိုက်​ ကြိုးစား​နေရှာ​သည်​။

"အူဝဲ ဝဲ ဝဲ..."အခန်းတွင်းမှ က​လေးငိုသံ​လေးက ပျံ့နှံ့လာသည်​။

............

"​မေ​မေ​ရာ မဆိုင်​တာ​တွေ သားလက်​မခံနိုင်​ဘူး ယမင်းလဲ ဘယ်​လိုမှ လက်​ခံမှာ မဟုတ်​ဘူး" ထက်​​အောင်​လက်​မခံနိုင်​ပါ လက်​ခံနိုင်​စရာ အ​ကြောင်းလဲမရှိ။ သားဦးက ​စ​နေမို့လို့တဲ့ ​မေ​မေ မတရားလိုက်​တာ

"အို နင်​တို့ လက်​ခံခံ မခံခံ ငါ့ဆုံးဖြတ်​ချက်​​တော့ မပြင်​နိုင်​ဘူး​ဟေ့ ​ရှေးအဆိုလဲ ရှိခဲ့တယ်​မလား သက်​ဦးစ​နေ မီးလို​မွှေတဲ့ ငါက​တော့ သူ့ကို နင်​တို့ငါတို့နဲ့တူတူ မထားနိုင်​ဘူး ​နေခွင့်​လဲမ​ပေးနိုင်​ဘူး" သူမလုပ်​သမျှ ​ပြောသမျှကို နာခံခဲ့တဲ့ သားကြီးက အခုလဲ သူမစကားကိုပဲ နား​ထောင်​ရလိမ့်​မည်​။

"ဒါ​ပေမယ့်​ ​မေ​မေရယ်​ ယမင်းအတွက်​လဲ စဉ်းစားပါဦး သူသားကို စိတ်​ချရတယ်​ဆို​ပေမယ့်​ ခွဲနိုင်​မှာ မဟုတ်​ဘူး​လေ ပြီး​တော့ နီးနီးနားနားလဲ မဟုတ်​ ဟိုးမုံရွာ အ​ဝေးကြီးမှာ ​မေ​မေ့ရဲ့" ​မေ​မေ ရက်​ဆက်​လိုက်​တာ။

"အို ဘာလို့မခွဲနိုင်​ရမှာလဲ ပြီး​တော့ ထည့်​လိုက်​ရမှာက တခြားသူလဲမဟုတ်​ သူ့အ​မေနဲ့ထည့်​လိုက်​ရမှာ ဟိုမှာလဲ သူ့ညီမ​တွေ ရှိတာပဲ ငါ့စိတ်​နဲ့ဆို အမြန်​​တောင်​ထည့်​လိုက်​ချင်​​သေးတာ က​လေးကငယ်​​သေးလို့ အပင်​ပန်းမခံနိုင်​မှာစိုးရိမ်​လို့ ၁လ​လောက်​​နေခိုင်းရတာ"

သြော်​ ​မေ​မေ စိုးရိမ်​တတ်​​သေးတာပါလား။တော်​​သေးတာ​ပေါ့ဟု ထက်​​အောင်​​တွေးလိုက်​မိသည်​။
...................
"အဟင့်​ ဟင့်​..."မီး​နေခန်း​လေးထဲမှာ ငိုသံ​လေး​တွေ ထွက်​​နေသည်​။ယမင်းဝမ်းနည်းလိုက်​တာ. သား​လေးကို ချစ်​လို့ ယုယလို့​တောင်​ ဘယ်​လိုမှ မဝနိုင်​တာ. ယခု​တော့ ​ယောက္ခမဖြစ်​သူက တချက်​လွတ်​အမိန့်​ ချမှတ်​လိုက်​​လေပြီ.

Love is loveDonde viven las historias. Descúbrelo ahora