<Zawgyi/>
ဒီဇင်ဘာလကုန်ခါနီးဖြစ်၍ နှင်းပွင့်ကလေးတွေ ဝေနေသည်။ အမေခူးပေးထားတဲ့ ထမင်းကြော်ကို မနက်ကဝယ်ထားတဲ့ အကြော်လေးနဲ့ သက်ဝေ အိမ်ရှေ့စားပွဲမှာ ထိုင်စားနေသည်။ အဖေကတော့ သူ့အခန်းထဲမှာ စာရေးနေသည်ထင်။
"သား သက်ဝေ ဒီနေ့တော့ ငုံးဥပဲ ရောင်းတော့နော် အမေ မနေ့က ချဉ်ပေါင်းထုပ်ဖို့ အသီးမဝယ်လိုက်ရဘူး""ဟုတ် အမေ"သက်ဝေက တဦးတည်းသောသားဖြစ်သည်။ အမေ့နံမည်က ဒေါ်ချိုမာ အမေက အိမ်မှာ စက်ချုပ်တဲ့အလုပ်လုပ်သည်။ အဖေက ဦးဝေလွင် ကျူရှင်ဆရာပေါ့ အစိုးရ ကျောင်းမှာ မသင်ပဲ အိမ်မှာပဲ စာသင်သည်။ စာရေးဆရာဆိုလဲ မမှားဘူး။ ၂ယောက်လုံးက အသက် ၃၅ဝန်းကျင်တွေပင်။ အမှန်ဆို သက်ဝေ ဘူတာရုံမှာ ဈေးရောင်းတဲ့အလုပ်ကို မလုပ်ပဲနေလို့ရသည်။ သူကိုယ်တိုင်က လိုလိုလားလားနဲ့ မိဘတွေကို ပြောပြီး ဖိုးကျော်နဲ့အတူ ဈေးရောင်းနေချင်းသာ။ ရသမျှပိုက်ဆံလေးတွေကို စုထားကာ သူလိုချင်တဲ့ ဖတ်ချင်တဲ့ စာအုပ်တွေ ဝယ်တဲ့နေရာမှာသုံးသည်။ ပိုတာတွေကိုတော့ စုဘူးနဲ့ စုထားသည်။
သက်ဝေ ထမင်းစားရင်း မနေ့က ရထားပေါ်မှာတွေ့ခဲ့တဲ့
သူ့ကို မျက်လုံးပြူးကာ တအံ့တသြ စိုက်ကြည့်နေတဲ့ ကောင်လေးကို မြင်ယောင်သွားမိသည်။ ခနလေးပါပဲ မြင်လိုက်တဲ့အချိန်က သူနဲ့ရွယ်တူလောက်ပဲထင်။
"သား ဘာတွေ စဉ်းစားနေတာ ပြီးရင်လဲ ပန်းကန်ဆေး
လက်ဆေးထတော့လေ ဟော်တော့" အမေပြောမှ သက်ဝေ အတွေးကနေ နိုးသွားရတော့သည်။ ၈နှစ်အရွယ် ကောင်လေး၁ယောက်ရဲ့ အတွေးထဲမှာ ခနတာတွေခဲ့တဲ့ ရွယ်တူကောင်လေး၁ယောက်က ခနသာ လွှမ်းမိုးနိုင်သည်။ ထိုကောင်လေးလဲ ကောင်လေးနည်းတူပေါ့။
......................
ရတုတို့ မန္တလေး ဘူတာရုံရောက်တော့ အိမ်က ဒရိုင်ဘာက လာကြိုသည်။ ရတုတို့ အိမ်ကိုတောင် မသွားတော့ဘဲ ဆေးရုံသို့သာ တန်းသွားရသည်။ ညတည်းက မေမေ ဗိုက်နာ၍ ဆေးရုံတင်ထားရသည်တဲ့။ ခုမနက်လင်းပိုင်းကပဲ မွေးပြီးသည်။
"ဖေဖေ မေမေ"ရတု ဖေဖေကို ပြေးဖက်လိုက်သည်။
YOU ARE READING
Love is love
Romanceအချစ်က သနားဖို့ သိပ်ကောင်းတယ် တခါတရံ ဝမ်းနည်းနေတတ်တယ် အချစ်က နားလည်မှုလဲ ရှိတယ် သည်းခံနိုင်စွမ်းကလဲ အပြည့်... အချစ်က သိပ်မုန်းဖို့ကောင်းတယ် လူကို စိတ်ညစ်အောင် သိပ်လုပ်တတ်တာ ဒါကိုပဲ ချစ်နေရတော့ ခက်တယ် အချစ်က သိပ်...