Part 4(Zawgyi & Unicode)

764 20 3
                                    

<Zawgyi/>
"ဟင်​ မင်း..."

"မင်း...ဟို၁​ယောက်​" ၂​ယောက်​လုံး မထင်​မှတ်​ထား၍ အံသြ​နေကြသည်​။

သက်​​ဝေက အရင်​​မေးလိုက်​သည်
"မင်းက မန္တ​လေး Masterpiece မှာ​ ငါနဲ့ တိုက်​မိတဲ့ ၁​ယောက်​ ဟုတ်​တယ်​မလား" သက်​​ဝေ ဒီ​ကောင်​​လေးနဲ့ ဒီလိုမျိုး ပြန်​​တွေ့ရလိမ့်​မယ်​လို့ မထင်​ထားခဲ့။ တိုက်​ဆိုင်​လိုက်​တာ။

"ဟီး ဟုတ်​တယ်​ ဒါနဲ့မင်းက" ရတု ပြောရင်း ​အိပ်​ရာမှ ထထိုင်​လိုက်​သည်​။

သူက​ပြုံးရယ်​ရင်း​ပြောသည်​။ သက်​တံ့မှတ်​မိ​နေ​သေး​သော ထိုအပြုံး​လေးအတိုင်းပင်​။ ဖြူစင်​ပြီး ချစ်​ဖို့​ကောင်းတဲ့ က​လေးဆန်​ဆန်​အပြုံး​လေး။ သူလဲ သက်​​ဝေကိုမှတ်​မိသား ထိုသို့​တွေးမိ​တော့ သက်​​ဝေလဲ ပြုံးလိုက်​မိသည်​။

"ငါလဲ ဒီအခန်းမှာ ​နေရာမှာ "

"​သြော်​ ​ရောက်​​နေတာ ကြာသွားပြီလားဟင်​ ည​နေကထိ ​စောင့်​​သေးတယ်​ ဒီ​နေ့မလာ​လောက်​​တော့ဘူးထင်​တာ အ​စော​​လေးကပဲ ခနဆိုပြီး ​မှေးလိုက်​တာ တကယ်​ကြီး အိပ်​​ပျော်​သွားတယ်​"

"အာ မကြာ​သေးပါဘူး ငါလဲ ခုမှ​ရောက်​တာ ကားက လမ်းမှာ ဘီး​ပေါက်​လို့ ​နောက်​ကျသွားတာ"

"​ဟို မိတ်​ဆက်​ရဦးမယ်​ ရတုနံမည်​က ရတုထက်​​အောင်​ပါ မန္တ​လေးဇာတိ ဆိုပါ​တော့၊ ​ကျောင်းက​တော့ မုံရွာက ​အောင်​လာတာ"

"ကိုယ့်​နံမည်​က သက်​​ဝေပါ ကိုယ်​လဲ မန္တ​လေး ဇာတိပဲဆိုပါ​တော့ ​တွေ့ရတာ ဝမ်းသာပါတယ်​" ၂​ယောက်​ မိတ်​ဆက်​လိုက်​ကြသည်​။

"ဟို ကုတင်​က​လေ မင်းကလဲမလာ​သေးတာနဲ့ ရတုလဲ ပန်းလာ​တော့ နားချင်​တာနဲ့ ဒီဘက်​ယူထားမိတာ မင်း ဘယ်​ဘက်​ကုတင်​မှာ ​နေချင်​လဲ မင်းကြိုက်​တဲ့ဘက်​ယူဘာ ရတု ပြန်​လဲရမယ်​ဆိုရင်​လဲ အဆင်​​ပြေပါတယ်​"

"ရပါတယ်​ ငါ ဒီညာဘက်​ကုတင်​လွတ်​ပဲ ယူလိုက်​မယ်
ငါကြိုက်​ပါတယ်​"

"ဒါဖြင့်​ အဆင်​​ပြေတာ​ပေါ့ "
ထို့​နောက်​ စကားစပျက်​သွားကြသည်​။ သက်​​ဝေလဲ ကုတင်​​ပေါ် ပါလာတဲ့ အိပ်​ရာခင်းနဲ့ ​စောင်​ကို ​နေရာချလိုက်​သည်​။ တခြားပစ္စည်း​လေး​တွေလဲ အဆင်​​ပြေသလို ချထားလိုက်​သည်​။

Love is loveWo Geschichten leben. Entdecke jetzt