P(8)(Z+U)

47K 3.8K 11
                                    

Zawgyi

"သား​ရေ သားပိုင်​​ရေ မထ​သေးဘူးလား ​မေ​မေမင်းကိုမ​နေ့က​ပြောထားတယ်​​လေ ​မေ​မေအသိအိမ်​သွားမယ်​ဆိုတာ ထ​တော့မျက်​နှာသစ်​​တော့"

"​မေ​မေ ကလည်းအ​စောကြီးရှိ​သေးတာ ​ဖေ​ဖေ​ကော "

"မင်း​ဖေ​ဖေအလုပ်​သွားပီး ခင်​ဗျား​လေးသာ​နေဖင်​ထိုး​အောင်​အိပ်​​နေတာ ထ​တော့"

ညကဂိမ်း​ဆော့​နေလို့အိပ်​တာ​နောက်​ကျသွား​သော​ကြောင့်​​စော​စောလာနှိုး​နေ​သော​မေ​မေကိုပြန်​မ​ပြော​တော့ပဲ အဝတ်​တန်းမှ သဘက်​တစ်ထည်​​ကောက်​ယူကာ ​ရေချိုးခန်း ထဲသာဝင်​လာခဲ့လိုက်​သည်​။ ​ရေချိုးခန်း မှန်​​ရှေ့ရပ်​ကာကြည့်​မိလိုက်​​တော့ မိန်းက​လေး တစ်​​ယောက်​ဆံပင်​ထက်​​တောင်​နူးညံ​နေတဲ့ ဆံပင်​​တွေက နှဖူးထက်​မှာဝဲကျ​နေ​သည်​။ ​ဖေ​ဖေ နဲ့​မေ​မေ ဆီမှ ရထားတဲ့ ကြည်​လင်​​နေတဲ့ အသားအ​ရေ မှန်​​ရှေ့မှာအထင်းသား။
စိတ်​ရှုပ်​စွာဖြင့်​သွားတိုက်​​ဆေးနဲ့သွားတိုက်​တံယူပီး မျက်​နှာသစ်​သွားတိုက်​ချင်းအမှုကိုသာလုပ်​လိုက်​​တော့သည်။

ရေချိုးခန်း ထဲကပြန်​ထွက်​လာကာဘီဒိုထဲမှ ​ဘောင်းဘီ နဲ့တီရှပ်​ ဆွဲထုတ်​ကာဝတ်​ဆင်​လိုက်​သည်​။နူးညံ့​နေ​သောဆံပင်​ကိုအနည်းငယ်​ပုံသွင်းကာ ထမင်းစားခန်းရှိရာ​အောက်​ထပ်​ကိုဆင်းလာ​တော့ ထမင်းစာဝိုင်းမှာ​မေ​မေက မနက်​စာကို​တောင်​စား​နေနှင့်​ပီ

"လာသားထိုင်​ ဒီ​နေ့သားကို ​မေ​မေ အသိအိမ်​​ခေါ်သွားမလို့ အင်း အသိလို့သာ​ပြောတာပါ ​နောက်​ကျရင်​ ​တော့​ဆွေမျိုး​တွေ​တော်​လာကြမှာ "

မေ​မေသည် ​ကော်​ဖီပန်းကန်​ထဲ​​ကော်ဖီ​ငှဲ့ထည့်​​ပေးရင်း​ပြောပြ​သည်​။

"သားအဲ့ အိမ်​ကိုအဝင်​အထွက်​လုပ်​ပါ​ခုသား​ဖေ​ဖေက အဲ့အိမ်​နဲ့အကျိုးတူပူး​ပေါင်း ထားတဲ့လုပ်​ငန်း​တွေအများကြီး တစ်​နည်းအားဖြင့်​​ပြောရရင်​​တော့ ​မေ​မေတို့ပိုင်​ဆိုင်​သမျှ သူတို​ဆီ ရှယ်​ယာထည့်​ထားတာ "

 (Lovely My Little World)(Z+U)(S1)Where stories live. Discover now