P(38)(Z+U)

45.4K 3.3K 41
                                    

Zawgyi

ပိုင်ဖုန်းကိုင်လိုက်ကာပြန်မထူးရသေးခင်အချိန်တွင်တစ်ဖက်မှစ၍​ပြောလာသည်။

" ဟယ်လို ကိုလွှမ်း လား ။ မြပုလဲပါ။ ကိုလွှမ်း အိမ်ပြန်ရောက်နေတာလား ။ကိုလွှမ်း ဖုန်းကိုခေါ်တာ စက်ပိတ်ထားတယ်ကြီးပဲ ပြောနေလို့ ။ နေ့လည်စာစားဖို့ပုလဲ ရုံးခန်းမှာစောင့်နေတယ်။"

"မာန် မဟုတ်..ကိုလွှမ်းမာန်ထည်ဝါ မဟုတ်ပါဘူး။အိမ်မှာလည်းမဟုတ်ပါဘူး"

"အာ sorry ပါ ဒါနဲ့ဖုန်းကိုင်တာဘယ်သူလဲမသိဘူးရှင့်"

"......."

"ဟယ်လို ဟယ်လို"

တစ်ဖက်က မေးမြန်းလာသည်ကို မဖြေချင်၍ဖုန်းကိုချကာ ဧည့်ခန်းထဲကပြန်ထွက်လာလိုက်သည်။ ပိုင်ဟာဘယ်သူပါဟု မပြောချင်သည်ဟုဆိုရင်ပင် ပိုမှန်လိမ့်မည်။ထို့​ကြောင့်လုပ်လက်စ အိမ်အလုပ်များကိုသာဆက်လုပ်နေလေသည်။

ပိုင် အိမ်အလုပ်များလုပ်ပီးချိန် နာရီကိုမော့ကြည့်လိုက်မိ​လေသည်။ သားကျောင်းကပြန်လာတော့မည့်အချိန်ပင်ဖြစ်​သော​ကြောင့်ကြီးကြီးသည်သားအား​ကျောင်းသွားကြို​နေပီဖြစ်သည်။ ပိုင်သည်ကိုယ်လက်သန့်စင်ကာ သားကျောင်းကပြန်လာရင်စားဖို့ရန် စီစဉ်နေချိန်တွင် အိမ်ရှေ့က ကားဟွန်းတီးသံကြားလိုက်ရ​သော​ကြောင့် ပြင်ဆင်နေသည်ကိုခေတ္တရပ်ကာ အိမ်ရှေ့သို့ထွက်လာခဲ့သည်။ ပိုင်အိမ်ရှေ့ရောက်သောအချိန်တွင်ကားပေါ်မှ ကြီးကြီးက ဆင်းလာပီးနောက်တွင် သားက ဆင်းလာသည်။ ပိုင်ကိုမြင်လျှင်သားက ပြေးလာကာဝမ်းသာအားရပြေးဖက်လေ​တော့သည်။

"ဖေဖေ ကို သားက သတိရနေတာ"

"အမယ် အချွဲလေး ဒီနေ့ရော ကျောင်းကစာသင်လိုက်လား "

"ဟုတ် ဖေဖေ "ဟုဆိုကာသားကပြန်ဖြေသည်။ ထို့နောက်သားကိုချီကာ တာဝန်တစ်ခုဖြစ်သောသား၏ ပါး​ဖောင်း​ဖောင်း​လေးနမ်းလျှက်အိမ်ထဲသို့ပြန်ဝင်လာခဲ့သည်။ ပိုင်တို့နောက်တွင်ကြီးကြီးကပါလိုက်ဝင်လာခဲ့လေသည်။

*******************************************
အပြင်ဘက်ပတ်ဝန်းကျင် သည်အနည်းငယ်မှောင်စပြုလာနေပီဖြစ်သည်။အိမ်ရှေ့ဧည့်ခန်းထဲတွင် ပိုင်နှင့်သား နှစ်ယောက်ထဲထိုင်နေကာကြီးကြီးကဘုရားခန်းထဲတွင်ဘုရားရှစ်ခိုး​နေပီဖြစ်သည်။ ကာတွန်းရုပ်ပုံကလေးများပါသောစာအုပ်များနှင့် ရောင်စုံခဲတံများသည်သားဘေး၌ပြန့်ကျဲနေလေသည်။ သားကပိုင် ​​ပေါင်​ပေါ်ထိုင်လျှက်ပင် အပြာရောင် ရောင်စုံခဲတံလေးကိုင်ကာ စာအုပ်၌ခြယ်သနေစဉ်ပိုင်သည်ပန်းသီးတစ်လုံးခွာကာ အစိတ်ငယ်လေးများစိတ်ကာ သားအားခွံကျွေး​နေ​လေသည်။ သားသည် ပန်းသီးအားဝါးလျှက်ပင် စာအုပ်အားဆေးခြယ်နေသည်။ ပိုင်သည်သားအား ပန်းသီးကျွေးလျှက်ပင်နာရီအားမော့ကြည့်မိလိုက်​သော်အချိန်အားဖြင့်ည၇ နာရီအားနာရီလက်တံသည်ညွှန်ပြနေသည်။ ခုချိန်​ ထိမာန်ပြန်မရောက်သေးပေ။

 (Lovely My Little World)(Z+U)(S1)Donde viven las historias. Descúbrelo ahora