My Omega - 8

12.8K 1.2K 27
                                    

- ZawGyi-

၁လခန့်ကြာသော် ~

ဘာလိုလိုနှင့် စိုင်းနှင့်အတူတွဲပြီး အလုပ်လုပ်တာတာ ၁လတောင်ရှိပြီ။ ကုမ္ပဏီတစ်ခုလုံးကို တနေရာရာလစ်ဟင်းသည်မရှိအောင် မျက်စိဒေါက်ထောက်ပြီးလိုက်ကြည့်နေတတ်သည်။ ထို့အပြင်လွှာနှင့်အလုပ်များခွဲဝေယူကာ တချို့သောကုမ္ပဏီပြင်ပကိစ္စများကို စစ်ကပဲတာဝန်ယူပြီး အစအဆုံးလုပ်ပေးတာကြောင့် အရင်ကလိုအလုပ်ဝန်ပိမနေတော့။

စိုင်းဘေးနားမှာ အချိန်ပြည့်ရှိနေသည့်အပြင် အလုပ်အသွားအပြန် စိုင်းနှင့်အတူတွဲသွားတွဲလားလုပ်နေသော စစ်ကို စတွေ့ထဲကမျက်စိကလောလောက်အောင် စိုင်းကိုအလှတွေပစ်ပစ်ကျွေးနေတဲ့အမျိုးသမီး ကကြည့်မရ၊ သူတို့နှစ်ယောက်ကလည်း တွေ့လိုက်ရင် မျက်စောင်းဆိုတာကြီးပဲ။

အခုလဲ လျှောက်လမ်းအကျယ်ကြီးမှာ စိုင်းနဲ့စစ် ပုခုံးချင်းယှဉ်ပြီး meeting ခန်းမသို့အလာ စစ်ကိုဝင်မတိုက်ဘဲ၊ အနောက်နားမှာဖုန်းပြောရင်းလမ်းလျှောက်လာတဲ့စိုင်းကိုတကူးတကဝင်တိုက်လိုက်သေးသည်။

" sorry ဆရာ မတော်လို့.."

စိုင်းကရတယ်ဟုသောအမူအရာဖြင့် လက်ကာပြကာ ဖုန်းဆက်ပြေလေသည်။ ဒါကိုသူမ မကျေနပ်နိုင်ပေ။ မလုံ့တလုံအဝတ်အစားများဝတ်ကာ စူးရှလှသောရေမွှေးပုလင်းမှောက်ကျထားသဖွယ် တကိုယ်လုံးရေမွှေးနံ့တွေကလဲထောင်းထောင်းထနေပြီး မသိလျှင်ကိုရီးယားကားတွေထဲကလို မင်းသမီးချောခနဲဖြစ်သွားရင် မင်းသားကလှမ်းဖမ်းလိုက်လိုက်မည်အထင်နဲ့ နောက်တစ်ကြိမ်ပစ်လှဲချလိုက်ပေသည်။

ကံဆိုးချင်တော့ စိုင်းဖုန်းပြောနေရင်း ဘုမသိဘမသိ သူမကိုယ်ယ်နှင့်ဝေးရာကို ခြေနောက်တစ်လှမ်းဆုတ်လိုက်သည်။ လဲကျလာသော သူမအားစစ်ကခပ်တည်တည်နှင့် ကုတ်အင်္ကျီကော်လံစကိုနောက်ကနေဆွဲမလိုက်သည်။ လဲကျခါနီးနောက်ကနေ ဟန်ချက်မပျက်အောင်ထိန်းလိုက်ပေးလိုက်သည့်သဘောပင်။ ရုပ်ရှင်တွေကလိုလဲကျလျှင် မင်းသားကထူပေးမည်အမှတ်နှင့် ပစ်လဲကျသောဗျူဟာကြီးကလဲ ပျက်စီးသွားခဲ့သည်။

Embracing him is like breathing. How can I stop . . . [ Completed ]Where stories live. Discover now