protect u

28.1K 1.3K 59
                                    

Unicode
------------

Kim Taehyungတစ်ယောက် UNIသို့လာရမည်ကိုကြောက်နေမိသည် ထို့အစားသရဲသာမြင်လိုက်ချင်သည်
ကျောင်း၂ပတ်ပိတ်သည်ကလဲခဏလေးလိုပင်
ဂိတ်ပေါက်ဝ၌ ကုတ်ချောင်းချောင်းနဲ့ဟိုကြည့်ဒီကြည့်ကြည့်လိုက်ကာ ပါဝါထူထူမျက်မှန်အဝိုင်းလေးကိုတစ်ချက်ပင့်တင်ပီး

"ဟူးး ဒီအခြေအနေဆိုရင်တော့ သူမရောက်လောက်သေးဘူး"

စိတ်ချလက်ချနှင့် ကျောင်းထဲဝင်ရန်ခြေလှမ်းလှမ်းလိုက်စဥ်

"ဝါးးး!! baby boo!"

"အမေ့!"
သူကရောက်နေပီလား
ငါစိတ်တွေညစ်လိုက်တာနော်
ကျွန်တော်​သရဲထက်ကြောက်သည်ဆိုသောသူက
ကျွန်တော့အား baby booလို့ခေါ်လိုက်သော
JEON JUNG KOOKဆိုသောသူပင်
ဘာကြောင့်သူ့ကိုကြောက်သလဲ??

"ကိုယ်ကြည့်နေတာကြာပီ booလေးကဘာတွေရှာနေတာလဲ ဟိုကြည့်ဒီကြည့်နဲ့"

"ဘာ ဘာမှမရှာပါဘူး"
မင်းကိုရှာနေတာလေ
ရှောင်မို့

"မသိပါဘူး ကိုယ့်ကိုများရှာနေတာလားလို့
ဝိုးး booလေးဆံပင်တွေရှည်နေပီပဲ မညှပ်နဲ့နော်ကိုယ်သဘောကျတယ် mullet hairလေး"

ဆံပင်အနောက်ဘက်လေးကဂုတ်ထောက်နေသည်ကိုသိသော်လည်း ဆံပင်ညှပ်ဖို့အပြင်မထွက်ချင်တာကြောင့် မညှပ်ဖြစ်
အရှည်ထားကြည့်ရင်ကောင်းမလားလို့လဲတွေးမိတာကြောင့်ထားထားခြင်း
ဒါကိုသူကသဘောကျပြန်ပီတဲ့

အနောက်နားကရှည်နေသောဆံပင်လေးကို
လက်လေးနဲ့ဖွကာ
"ချစ်စရာလေးကွာ ကိုယ့်ရဲ့booလေးက"

"မနက်စာစားခဲ့လား ကိုယ်ကတော့မစားရသေးဘူး"

အဲ့လို အဲ့လို စကားတွေကိုလဲသူ့ဘက်ကပဲ​တရစပ်ပြောတတ်သေးသည်

"စားခဲ့တယ်"

"ဟုတ်လား ကိုယ်က booလေးနဲ့တူတူစားချင်လို့ကို လိုက်ခဲ့မယ်မလား အတန်းမှမရှိသေးတာ လိုက်ခဲ့နော်"

လိုက်မလားလို့သာမေးတာပါ အဖြေကိုလဲမစောင့်
တကယ်တမ်းကျ သူဆွဲခေါ်ရာနောက်ပါသွားရတာပဲ ငြင်းလို့လဲမရ

"booလေး ဒီမှာထိုင်နေအုံး ကိုယ်စားစရာလေးသွားယူလိုက်အုံးမယ်"

 𝐅𝐀𝐋𝐋 𝐢𝐧 𝐋𝐎𝐕𝐄  *Completed*Where stories live. Discover now