he is angel

10.3K 1.1K 130
                                    

Unicode
°°°°°°°°°°°

မနက်ကျတော့taehyungတစ်ယောက်အလွန်တက်ကြွနေသည်မို့
ဖေဖေကတောင်မေးယူရတဲ့အဖြစ်
"ဒါ ငါ့သားလေးTaehyungလား"တဲ့

"ဟုတ်ပါတယ် ဖေဖေကလဲ
ဘာဖြစ်လို့လဲ"

"မဟူတ်ပါဘူး  တအားကိုတက်ကြွနေသလိုပဲ"

"ထင် ထင်လို့ပါ
ဂျောင်ကုရောက်နေပီမို့ သားသွားတော့မယ်နော်ဖေဖေ တာ့တာ မွ"

"ဂရုစိုက်သွား"

Mr. Kimတယောက်မတော်ရသေးတဲ့သမက်ကိုအလွန်ပင်ကျေးဇူးတင်နေမိသည်
သားငယ်လေးကိုပြန်ပီးတက်ကြွအောင်လုပ်ပေးလိုက်သည်မို့
အရင်ကများဆို ဒီအိမ်ကြီးမှာ Kim Taehyungဆိုတာ အော်ရတာနာမည်ချင်းကိုထပ်လို့
ချွဲလိုက်တာဆိုလဲလွန်ပါရော

သူ့မေမေမရှိတော့တဲ့အချိန်မှာ အဲ့အပြုအမူလေးတွေပျောက်သွားခဲ့တယ်
တစ်ချိန်လုံးစာသာလုပ်နေပီး သားအဖ၂ယောက်စကားကို၁၀ခွန်းပြည့်အောင်တောင်မပြောဖြစ်
အခု အရင်ကသားငယ်လေးကိုပြန်လည်ခေါ်ဆောင်ပေးတဲ့ဂျောင်ကုလေးကိုကျေးဇူးတင်မဆုံး။

°°°°°°°°
ကားကိုမှီပီးမတ်တပ်လေးပဲရပ်နေတာပါ
ဒါပေမယ့်သေလောက်အောင်မိုက်ပီး
သေလောက်အောင်ချောနေတယ်

"ကိုကို"

အနားသွားပီး အင်္ကျီစလေးကိုကိုင်ကာ
လေးထောင့်ဆန်ဆန်အပြုံးလေးပြုံးပြကာ
ခေါ်လိုက်တော့
ကျွန်တော့ချစ်သူဂျွန်ဂျောင်ကုကြီးက အသက်မရှိတော့သည့်လူပမာတောင့်တောင့်ကြီး

"ကိုကိုလို့ ယောင်းငယ်ခေါ်နေတယ်လေ"

နှုတ်ခမ်းလေးဆူပီး ခြေတစ်ချက်စောင့်လိုက်သည်
Jeon Jungkookလဲ ရှိသမျှဘုရားအကုန်တလိုက်မိသည်
ဒါ ကျွန်တော့ချစ်သူ Kim Taehyungဟုတ်ပါလေစ

ကျွန်တော်အိမ်မက်တွေများမက်နေလေလား
ကိုယ့်ပါးကို၂ချက်လောက်ပြန်ရိုက်လိုက်သည်

"ကိုကို ကျောင်းမသွားတော့ဘူးလား"

ခပ်စွာစွာအသံလေးထပ်ထွက်လာလေတော့
အယ်.... ဒါတကယ်လက်တွေ့ပဲဟ

"booလေး ဟုတ်ပါတယ်နော်"

"မဟုတ်ဘူး ကိုကို့ချစ်သူ"

 𝐅𝐀𝐋𝐋 𝐢𝐧 𝐋𝐎𝐕𝐄  *Completed*Where stories live. Discover now