he make myday.

10.4K 1.2K 55
                                    

Unicode
••••••••••••

ဘာလုပ်လုပ်ချစ်ဖို့ကောင်းနေသောဒီကောင်လေးကိုတကယ်ပဲ အူတွေအသည်းတွေယားလွန်းလို့ရူးမတတ်
အရင်ခေတ်တွေကတော့ချစ်ရသူအဖြေကို
၃နှစ်၃မိုးစောင့်ရသည်တဲ့
ကျွန်တော်ကတော့၈နှစ်! အချိန်တွေကထားပါ
ပြန်မချစ်ရင်တောင်တစ်သက်လုံးအနားမှာနေသွားမှာမို့ အခုလိုအဖြေပြန်ပေးတော့လဲ အပျော်တွေကအတိုင်းထက်အလွန်ပေါ့

phထဲမှတ်ထားတဲ့နာမည်ကြောင့်
စိတ်ဆိုးစိတ်ကောက်လုပ်ချင်ပါသော်လည်း
ကျွန်တော့ချစ်သူကနုံအအရယ်
ရွဲ့ပြောလို့ပြောမှန်းတောင်မသိ အိမ်းး ချစ်မှချစ်ပဲ

နေ့လည်ထမင်းစားချိန်ထိစကားကိုသေချာပြန်မပြောဖြစ်
ကန်တင်းထဲမှာမျက်နှာချင်းဆိုသ်ထိုင်ပိး
သူလေးကတော့ဟမ်ဘာဂါကိုတမြုပ်မြုပ်စားနေလေရဲ့ ကျွန်တော့ကိုမေ့နေလေသလား
Jeon Jungkookစိတ်ကောက်နေတယ်ဟေ့!

"jungkook ဘာ ဖြစ်နေတာလဲ ဟင်"
မေးဖော်တော့ရသားပဲဟ ခ်ခ်

"ဘာမှမဖြစ်ပါဘူး"

"အင်းပါ"
ဒါပဲလား!
အမှန်ဆိုရင် ဖြစ်နေပါတယ် ဘာဖြစ်နေတာလဲဟင်
ဘာညာသာတကာလုပ်ရမည်မဟုတ်ပါလား
ဒီကောင်လေးကတော့ တကယ်ပဲနော်!

နောက်တော့ ကိုယ်ပဲအလံဖြူပြပြီး
"contact nameကြီးကြောင့်"

"ဟင်?"

"မှတ်ထားတဲ့နာမည်ကြီးက ကိုယ့်ချစ်သူကိုမှတ်ရမဲ့နာမည်လားလို့"

"အာ.. အရင်ကမှတ်ထားတာပါဆို
jungkookပဲ ရင်ခုန်တယ်ဆို အဲ့နာမည်ကို ကြိုက်လို့ ဟုတ် ဘူး လား"

"ကိုယ်လေ ဆွဲဆက်ညှစ်ပစ်ချင်နေပီကွာ"

"ဘာ ဘာ ဖြစ်လို့တုန်း"

"တအားကြီးချစ်ဖို့ကောင်းအောင်မနေနဲ့လေbabyရဲ့"

"မ မနေပါ ဘူး"

"အဲ့နာမည်ကြီးမကြိုက်လို့ ကိုယ်ကစိတ်ကောက်ချင်နေတာလေ ရင်ခုန်တယ်ဆိုတာရွဲ့ပြောတာ"

"အော် အဲ့တာပဲ ပြောပါလားjungkookရဲ့"

"စိတ်ကောက်တဲ့သူကစိတ်ကောက်တယ်လို့ပြောရမှာလားbooလေးရဲ့"

 𝐅𝐀𝐋𝐋 𝐢𝐧 𝐋𝐎𝐕𝐄  *Completed*Where stories live. Discover now