/ Part 1 /

2.6K 211 1
                                    

Zawgyi

ရိုးရှင်းတယ် တွေ့ဆုံမှုက...။
ကျွန်တော်က ကျောင်းသားဟောင်း သူကကျောင်းသားအသစ်...။

ခုံအလွတ်တွေ များစွာထဲကမှ သူကကျွန်တော့် ဘေးနားက ခုံကို ရွေးချယ်ခဲ့တယ်...။
သူရွေးချယ်လိုက်တာ ခုံတစ်ခု...။
ကျွန်တော် ရွေးချယ်မိတာ...ထိုသူ...။

ရိုးရှင်းတယ်...။
ကပ်ရပ်ထိုင်ရသူမို့ အချိန်တစ်ခုအတွင်း
ခင်မိသွားတယ်...။
ခင်မင်မှု...။

မရိုးရှင်းဘူး...။
အချိန်ကြာလာတာနဲ့ အမျှ
ခင်မင်မှုဟာ အရောင်ဆိုးလာတယ်...။
အချစ်...။

ဘယ်အရာက နှစ်ယောက်စလုံးအတွက် ပိုကောင်းနိုင်လဲ မသိပေမဲ့ မျက်စိစုံမှိတ်ပြီး ရွေးချယ်လိုက်တာ ထိုလူသား...။
ရိပေါ်...။

မရိုးမရွ ဖြစ်လာတာ ကျွန်တော်ဆိုတဲ့ ရှောင်းကျန့်နဲ့
ခပ်အေးအေး ရိပေါ်တို့ရဲ့ ဇာတ်လမ်းတစ်ပုဒ်...။
ပြဇာတ်ကသလို ဒိုင်ယာလော့တော့ ကျက်စရာမလိုပေမဲ့ သူနဲ့တွေ့ရင် စကားတွေ အော်တိုများတယ်...။

ခင်မင်မှုဆိုတဲ့ သံယောဇဉ်ကြိုးကနေ
အဖြူရောင် နှလုံးသားတစ်ခု...။
ပြောင်းလဲသွားတာ ယုတ်တိတော့ ရှိပေမဲ့လည်းပေါ့။

ဆိုးခဲ့ကြဖူးတယ် အတူတူ...။
အရိုက်ခံရလည်း အတူတူ...။
မတူတာ တစ်ချက်...။
သူကျွန်တော့်ကို မချစ်ဘူး...။

သူငယ်ချင်းဆိုတဲ့ စည်းက ခြားတယ်...။
Best friend...။
friend zone...။

တစ်နေ့တစ်နေ့တော့ ပြောင်းလဲလာမှာပါဆိုတဲ့
စိတ်နဲ့ စောင့်နေပေးတယ်။ မပြောင်းလဲဘူး...။.အချိန်အတော်အတန် ကြာတဲ့အထိ...။
ကံကြမ္မာက ဘက်လိုက်တယ်ဗျာ...။

ကျွန်တော်က ချစ်တယ်...။
သူကမချစ်ဘူး...။
တစ်ဖက်သတ်....
လုံးဝကို တစ်ဖက်သတ်...။

ယောက်ျားတွေကို စိတ်ဝင်မစားဘူးဆိုတဲ့
သူ့စကားဟာ အသံပုံ နှုတ်ခမ်းကနေ ခပ်မာမာထွက်လာတယ်....။

ငါကြတော့ရော...။
ငါလည်း စိတ်မဝင်မစားပါဘူး...။
ဘာလို့လဲ...။
အဟက် ငါလည်း မသိဘူး....။

စိတ်ပျက်ဖို့ကောင်းတဲ့ အရာတွေထဲမှာ
တစ်ဖက်သတ်အချစ်ဆိုတာကြီးကို
ထည့်လိုက်တယ်...။

The One That Got Away(Complete)Tempat cerita menjadi hidup. Temukan sekarang