/ Part 2 /

1.3K 193 0
                                    

Zawgyi

ရိပေါ်က ကျွန်တော် တောင်းဆိုမှုကို
မလိုက်လျောဘူး....။
သူရည်းစားထားတယ်...။
အထက်တန်းရဲ့ Queen.

Queen and King ဆိုပြီး
လူအများကြားမှာ ရေပန်းစားတယ်...။
လိုက်ဖက်လိုက်တာဆိုတဲ့ အပြောစကားကြားမှာ
စောက်ပိုတွေဆိုတဲ့ ကျွန်တော့်စကားဟာ
တစ်သီးတစ်သန့်...။

အေး ထည်လဲတွဲနေလိုက်...။
တွဲပါစေ တွဲချင်သလောက် တွဲပါစေ...။
အသည်းတော့ ကွဲမပြပါနဲ့...။
မင်းအစား ငါရင်နာတယ်....။

ကောင်မလေးတွေ ထည်လဲတွဲပြီးနောက်
သူက ကျောင်းမှာ ဂုဏ်ပုဒ်တစ်ခုရတယ်...။
Playboy...။

ပလေးဘွိုင်းဆိုတော့
ရိပေါ်က ရည်းစားနဲ့ ရင်ဖက်နဲ့ မပြတ်လှဘူး...။
အားနေ...ရှောင်းကျန့်
ငါ့ကောင်မလေးအတွက် ဘာဝယ်ပေးဦး
ညာဝယ်ပေးဦးဆိုပြီး ခိုင်းတယ် ။

မညူဆူဘူး မင်းကောင်မလေးတွေလို...။
ခိုင်းရင် လုပ်ပေးတယ်...။
ငါမင်းအပေါ် ဘယ်လောက်ကောင်းကြောင်း
မင်းသိအောင်....။

မင်းကောင်မလေးတွေနဲ့ ငါ့ကို လာမယှဉ်နဲ့ ရိပေါ်။
ငါက သူတို့ထက် အများကြီးသာကြောင်း
မင်းတစ်နေ့ သိမယ်...။

ကောင်းကွက်တစ်ခုနဲ့ ဆိုးကွက်တစ်ခု...။
ညီတူညီမျှ...။
သာလည်း မသာသလို လျော့လည်း မလျော့တဲ့
အနေအထား...။

အထက်တန်းပြီးတဲ့အခါလည်း
မင်းရွေးတဲ့ မေဂျာကို ငါလိုက်ရွေးတယ်...။
အဆက်အသွယ်ပြတ်မှာ စိုးလို့...။

တက္ကသိုလ်မှာလည်း တူတူဆိုးကြတာလည်း
ပျော်ဖို့ကောင်းတယ်လို့ မင်းပြောတယ် ။
ဒါပေမဲ့ ငါ့အတွက် ပိုတာထက် သာတယ်။
အမှတ်တရ...။
မင်းနဲ့ငါနဲ့ အမှတ်တရဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ငါတို့ရဲ့ ဆိုးမိုက်မှုတွေက ရှိတယ်...။

ကျောင်းမှာတုန်းက ဆေးလိပ်လောက်ပဲ ခိုးသောက်ကြပေမဲ့ တက္ကသိုလ်ရောက်တော့
တစ်ဆင့်တိုးတယ်...။
အရက်၊ ဘီယာ...။

မူးတယ်၊ ရူးတယ်...။
မူးရူးတဲ့ နေ့မှာ အဖြစ်အပျက်တွေ အားလုံးနီးပါး
မမှတ်မိပေမဲ့ မင်းပြောတဲ့ စကားတစ်လုံးတိုင်းကို
ငါ့ဦးနှောက်က မှတ်မိတယ်...။

The One That Got Away(Complete)Where stories live. Discover now