/ Part 3 /

1.3K 189 4
                                    

Zawgyi

ကျေးဇူးတင်ပါတယ်
ကံကြမ္မာကို...။

ပထမနှစ်ပြီးသွားတဲ့အခါ
ငါတို့နှစ်ယောက်ရဲ့ သက်မှတ်ချက်က
နည်းနည်းလေးပိုလာတယ်...။

မင်းနှုတ်က ပြောခဲ့တဲ့
စကားလုံးအချို့ဟာ နှလုံးသားရဲ့
အနက်ရှိုင်းဆုံးအထိ နေရာယူတယ်...။

ငါမင်းနာမည်ကို တက်တူးထိုးမယ် တဲ့...။

ကျေးဇူးပါ...။
ငါ့ကို အခုချိန်အထိ ခင်မင်နေပေးလို့...။
မင်းရှိရာအရပ်ကို မျက်နှာမူပြီး
ငါ့ရဲ့ဝါသနာတွေကို စွန့်လွှတ်ခဲ့တာ
မဆုံးရှုံးပါဘူး...။

တက်တူးထိုးဖို့ ပိုက်ဆံပဲ ရှိပြီး
ဘီယာဝယ်ဖို့ ပိုက်ဆံမလောက်တော့
မင်းက မင်းအဖေဆီက အရက်ပုလင်းကို
ခိုးလာတယ်...။

မှောင်ပြပြ လမ်းငယ်လေးတစ်လျှောက်
အရက်သမားနှစ်ယောက်ဟာ လမ်းလျှောက်...။

မင်းက မင်းရဲ့လက်ဖျံမှာ
Xiao ဆိုတဲ့ ငါ့နာမည်ကို ရေးထိုးတယ်...။
ငါကလည်း ငါ့ရဲ့လက်ဖျံမှာ
Wang ဆိုတဲ့ နာမည်ကို ရေးထိုးမယ်...။

ကိုယ့်လက်ကို ပြန်ကြည့်ုပြီး
မင်းက စကားတွေ တစ်တွတ်တွတ် ပြောတယ် ။
မူးနေလို့ နီရဲလာတဲ့ ပါးလေးနှစ်ဖက်က
မီးရောင်အောက်မှာ မှိန်ပြပြ...။

ငါတို့နှစ်ယောက်ရဲ့
ကမ္ဘာဖြစ်တဲ့ ဆောက်လက်စ
အိမ်အဟောင်းရဲ့ အပေါ်ဆုံးထပ်ကို
နှစ်ယောက်သား အရက်ပုလင်းလေး
ကိုင်ကာတက်မယ်...။

လသာတဲ့ နေဆိုရင်
လကို ငေးမယ်...။
လကွယ်နေ့ဆို မင်းကို
ငေးမယ်...။

ကြယ်တာရာစုံတယ်...။
ဖျက်ခနဲ ကြွေသွားတဲ့
ကြယ်လေးဟာ အဖော်မဲ့နေမလား တွေးတယ်...။

ရောက်မိရောက်ရာ ကဗျာစပ်တယ်..။
တစ်ယောက်သောသူရဲ့
အကြောင်းတွေကို...။

နှစ်ယောက်သား
ညအချိန်ထိ လိုင်းပေါ်မှာ
စကားပြောမယ်...။
Best friend ကနေ
Just friend ထိ ရောက်လာတယ်...။
ငါ့boyfriendဆိုတဲ့
အရာကတော့ ဘယ်ချောင်သွားအိပ်မှန်း
မသိဘူး...။

တတိယနှစ်ရောက်တဲ့အထိ
ငါတို့ လက်တွေဟာ
တွဲလက်မြဲတယ်...။

The One That Got Away(Complete)Where stories live. Discover now