🍃4🍃

540 98 20
                                    

မနှေးမမြန်မောင်းနေတဲ့ ကားအရှိန်နှင့်အတူ
ဘေးနားမှာရှိနေတဲ့ သူကို KyungSoo ခိုးခိုးကြည့်မိသည်။

ဘယ်သွားနေတာလဲ ~
ဘာလုပ်မလို့လဲ ~

စသည်ဖြင့် မေးခွန်းများစွာကိုမေးနေပေမယ့် အပြုံးချိုချိုတစ်ခုကိုပဲ ပြန်ရနေတာကြောင့် Kyungsoo မှာ လက်လျှော့ခဲ့ရသည်။

"မေပယ်ရွက်ကို သဘောကျတယ်ဆို ... အဲ့တာကြောင့် အများကြီးမြင်ရတဲ့နေရာကို ခေါ်သွားမလို့"

ခပ်ချိုချိုအသံကြောင့် KyungSoo ရဲ့ မျက်ဝန်းတွေက အပြင်ကိုငေးကြည့်နေရာကနေ နောက်တစ်ကြိမ်ထပ်ပြီး Kim JongIn ဆိုတဲ့လူကြီးကို ကြည့်မိပြန်သည်။

ထပ်မေးရင်လဲ သူပြောချင်တဲ့အခါမှ ပြောမှာမို့လို့ ဒီတစ်ခါတော့ ငြိမ်နေလိုက်သည်။

ဒီလိုနဲ့ တဖြည်းဖြည်းချင်း မျက်ခွံတွေလဲလေးလာတော့၏။

"အ "

အရှိန်ပြင်းပြင်းနဲ့ဆောင့်မိလိုက်တာမို့လို့ နာနေတဲ့နဖူးကို လက်နဲ့ဖိရင်း ဘေးပတ်ဝန်းကျင်ကိုကြည့်မိလိုက်သည်။

*အိပ်ပျော်သွားခဲ့တာပဲ*

ဘေးဘက်ကိုကြည့်မိတော့ ဟိုလူကမရှိ ...

ကားပေါ်ကနေဆင်းဆင်းချင်း မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် KyungSoo မှာ ပါးစပ်အဟောင်းသားလေးပင်။

"နိုးပြီလား"

အနောက်ကနေ အသံပေးလိုက်တာကြောင့် KyungSoo ခန္ဓာကိုယ်လေး အနည်းငယ်တုန်သွားသည်။

"ကျွန်တော်အိပ်ပျော်သွားတာကို ဘာလို့မနှိုးတာလဲ"

"အိပ်ပျော်နေတဲ့ပုံစံလေးက မနှိုးရက်ချင်စရာလေးမို့လို့"

ရုတ်တရက်ဆိုသလို KyungSoo ရဲ့မျက်နှာပြင်တွေ ရှိန်းကနဲဖြစ်သွားသည်။
စကားက အနှောင့်အသွားမလွတ်ပေမယ့် သူ့ပုံစံက အရမ်းကိုအေးဆေးဖြစ်နေတာမို့လို့ ဘာမှမပြောတော့ပဲ အရှေ့ကိုပဲပြန်လှည့်ကာနေလိုက်၏။

KyungSoo ရန်မဖြစ်ချင်ပါ။

"ဒါ ဘယ်နေရာလဲ ... အရမ်းလှလိုက်တာ"

"Nami island လေ ... မသိဘူးလား "

 မသိဘူးလား "

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Everlasting [Z×U]Where stories live. Discover now