"သက်သာသွားပြီလား "
အနောက်ကိုမှီကာ မျက်လုံးတွေမှိတ်နေတဲ့ JongIn ကို KyungSoo စိုးရိမ်စွာမေးလိုက်မိသည်။
"မင်းရှိလို့ အဆင်ပြေတယ် "
ဆုပ်ကိုင်ထားတဲ့ ပိုပြီးတင်းနေအောင်လုပ်ရင်း ပြောလိုက်တာကြောင့်
KyungSoo မှာ မျက်နှာတွေတောင် ရှိန်းကနဲဖြစ်သွားသည်။"တစ်ယောက်ယောက်လာမှာမလား ... "
"အင်း ခဏနေလာလိမ့်မယ် "
"ဒါနဲ့ သက်သာသွားပြီဆ်ုတော့ လက်လေးလွှတ်ပေးလို့ရမလား ... ကျွန်တော့်လက်ဖဝါးမှာ ချွေးထွက်နေလို့ "
KyungSoo ရဲ့စကားကို သူကခပ်ဟဟရယ်နေလေရဲ့။ လက်ကိုလွှတ်ပေးလိုက်တော့ ထိုချွေးတွေကို ဘောင်းဘီနဲ့ပဲသုတ်လိုက်သည်။
"အစ်ကို JongIn "
ဟိုလူကြီးရဲ့ နာမည်ကြားရာဆီကို လှည့်ကြည့်မိတော့ ကောင်လေးတစ်ယောက်။ ပုံစံလေးကိုကြည့်တာနဲ့ သူ့ထက်ငယ်မယ်ဆိုတာ သိသာလှသည်။
"အာ အစ်ကိုလေးပါရှိနေတာကိုး "
ထိုကောင်လေးရဲ့ စကားကြောင့် KyungSoo မှာ ကြောင်တောင်တောင်နှင့်။ သူ့ကိုအစ်ကိုလေးလို့ခေါ်ပြီး ခေါင်းငုံ့ကာ အရိာအသေပေးနေတာကြောင့် အံသြတကြီးဖြင့် ပြန်ပြီးအရိုအသေပေးလိုက်သည်။
သူ့ကိုဘာလို့ အဲ့လိုခေါ်ပါလိမ့် ~
"သက်သာရဲ့လား ... ဆိုးဆိုးရွားရွားကြီး ဖြစ်သေးလား "
"အားနည်းသွားလို့ပါ ... အနားယူလိုက်ရင် ကောင်းသွားမှာ "
"ဟို ... ဒါဆို ကျွန်တော်သွားတော့မယ် "
"မသွားရပါဘူး ... တစ်ယောက်တည်းမသွားရဘူး ကိုယ်လိုက်ပို့ပေးမယ် "
ချက်ချင်းပဲ ဆေးပိုက်တွေကိုဖြုတ်ကာ သူ့ကိုလာဖို့ပြင်နေတဲ့ သူ့ကိုမြင်ပြီး KyungSoo မှာ ပါးစပ်အဟောင်းသားလေးနဲ့။
"ဒီလိုလုပ်လို့ မဖြစ်ဘူးလေ ... နားရဦးမှာကို "
"ကိုယ်အဆင်ပြေတယ် ... Mark လိုအပ်တာတွေလုပ်လာခဲ့ ... ကားပေါ်ကနေ စောင့်နေမယ်
သော့ပေးခဲ့လိုက် "
YOU ARE READING
Everlasting [Z×U]
Fanfictionတစ်စုံတစ်ယောက်ကို ထာဝရဆိုတဲ့ခေါင်းစဉ်အောက်မှာ ချစ်ခဲ့မိတယ် ~ KyungSoo×JongIn