🍃10🍃

458 72 11
                                    

"မင်း ... "

လိုက်ဖမ်းတဲ့သူတွေ ဝေးဝေးကိုရောက်သွားတော့ သူ့လက်ထဲကနေထွက်လာပြီး လက်ညိုးတထိုးထိုးနဲ့ပြောလိုက်မိသည်။

"ငါ့ကိုသိလို့လား "

"သိတယ် ... ငါတို့အရင်က ဒီလိုမျိုးဖြစ်ဖူးတယ်"

ဂျောင်ဆူးက သူ့ရဲ့ ပကတိဖြူစင်တဲ့ မျက်ဝန်းလေးတွေနဲ့ သိကြောင်းကိုပြောတော့ တစ်ဖက်ကသူက တစ်ချက်ရယ်လိုက်သည်။

"မင်းက ဖြူစင်လွန်းတယ် "

"ဘာ "

"ဘာမှမဟုတ်တော့ဘူး .. သွားတော့မယ် "

သူမေးတာကိုမဖြေပဲ တာ့တာပြပြီးတော့ ထွက်သွားတဲ့ ဟိုလူရဲ့အကျီ င်္စကို ဂျောင်ဆူးက နောက်ကနေဆွဲလိုက်သည်။

"ဘာလဲ ... "

"နာ .. နာမည် ဘာလဲ "

ဆွဲထားတဲ့အကျီ င်္စလေးကို လွှတ်ပေးလိုက်ပြီး
အထစ်ထစ်အငေါ့ငေါ့မေးလိုက်တော့ တစ်ဖန်ရယ်လိုက်၏။

"ငါတို့က ထပ်တွေ့ဦးမှာလား "

"ဘာကို "

"ထားပါတော့ ... ဂျုံအင်း .. ငါ့နာမည်က ဂျုံအင်း
ရပြီမလား သွားတော့မယ်"

ထိုလူရဲ့ နာမည်သိရတော့ ဂျောင်ဆူးဟာ အင်မတန်ပျော်သွားသည်။ အသက်ကလဲ သူနဲ့ ရွယ်တူလောက်မို့လို့ သူငယ်ချုင်းလုပ်ဖို့အသင့်တော်ဆုံးဆိုပြီး တွေးလိုက်၏။

"ဂျောင်ဆူး .. "

သူအော်ပြောလိုက်တော့ ဂျုံအင်းရဲ့ခြေလှမ်းတွေက ရပ်သွားခဲ့၏။

"ငါ့နာမည်က ဂျောင်ဆူး ... ငါတို့သူငယ်ချင်းဖြစ်သွားပြီမို့လို့ နောက်အပတ် ဒီလိုအချိန် ၊ ဒီနေရာမှာပြန်တွေ့မယ် သူငယ်ချင်း "

ဂျောင်ဆူးက ပြောချင်ရာပြောပြီးထွက်သွားတော့
ဂျုံအင်းမှာ ထိုနေရာမှာ ရပ်လျက်သားလေးနဲ့ ပြုံးနေခဲ့တယ် ...

"သူငယ်ချင်းတဲ့လား ..."

ဂျောင်ဆူးဆိုတဲ့ကောင်လေးရဲ့ ပုံစံက ကြည့်လိုက်ရုံနဲ့ လူကုံထံအသိုင်းအဝိုင်းကလာမှန်းသိသာလွန်းတယ် ....

"စိုးရွံ့ပေမယ့် မင်းနဲ့သူငယ်ချင်းမဖြစ်နိုင်လောက်ဘူး "

You've reached the end of published parts.

⏰ Last updated: Nov 06, 2020 ⏰

Add this story to your Library to get notified about new parts!

Everlasting [Z×U]Where stories live. Discover now