*** ရှေ့က အခန်း - ၃၀နဲ့ အကြောင်းအရာအတူတူပါပဲ ။ Error တစ်ခုကြောင့် Zawgyi fontနဲ့ ဖတ်တဲ့လူတွေ ဖတ်လို့မရတာနဲ့ Zawgyiသက်သက် ပြန်တင်လိုက်ရခြင်းဖြစ်ပါတယ်။
*********
အခန်း - ၃၀ (ခရမ်းရောင်ဖားပြုပ်)
[ဆိုက်ဖန်းအန်းကြီး ဖျားနာနေသတဲ့]
Zawgyi version :
ဧကရာဇ်၏အိပ်ခန်းအဆောင်တော်မှာ အတော်ပင်ကျယ်ဝန်းသော်လည်း အခန်းထဲတွင် အဆောင်အယောင်ပရိဘောဂ များများစားစားမရှိပေ။ အမြင်အာရုံကို ဆွဲဆောင်နိုင်လွန်းသည့် တစ်ခုတည်းသော ပစ္စည်းမှာ ရွှေဖြင့်ပြီးသော ကျောက်စိမ်းစီခြယ် သလွန်တော်မျှသာ။အမှန်တကယ်က ၄မှာ အရင်မင်းဆက်များလက်ထက်က ဆောက်ထားသော ကျောက်မျက်ရတနာအပါးတစ်ရာသလွန်တော်ပင်ဖြစ်ကာ နောက်ပိုင်းချူမင်းဆက်များကတော့ ရိုးရှင်းလွယ်ကူသော ခြိုးခြံချွေတာသော မူများကို ကျင့်သုံးလာသဖြင့် ထိုသလွန်တော်မှာ တစ်ခုတည်းသော အဖိုးအနဂ္ဃတန်သည့် ဇိမ်ခံပစ္စည်းအဖြစ် ဆက်လက်ထိန်းသိမ်းထားနေရုံမျှသာ။
ချူယွမ်၏ ကျင့်ကြံမှုအဆင့်မှာ မနိမ့်ပါးသဖြင့် မိမိအခန်းထဲ လူတစ်ယောက် ကျူးကျော်ဝင်ရောက်လာမှန်း သိလိုက်သဖြင့် ဘယ်ဘက်လက်က ခေါင်းအုံးတော်အောက်ရှိ ဓားမြှောင်အတိုလေးကို အဆင်သင့်ကိုင်ယူထားလိုက်စဉ် ရှစ်ဇီ၏ အသံကိုပါ ဆက်ကြားသွား၏။
"ရှီးနန်ဝမ်...ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်မျိုးဘက်က တစ်ခွန်းလောက် အရင်ကြိုပြီးသံတော်ဉီးလျှောက်တင်ပါရစေဉီးခင်ဗျာ"
ဒီအချိန်ကြီး ရောက်လာတယ်လား။
ချူယွမ်လည်း မျက်နှာလေးတရှုံ့ရှုံ့နှင့် ထရန်ပြင်လေ၏။ ပထမဆုံးတွေးမိသောအချက်မှာ ယနေ့တော့ မိမိ အချိန်လွန်အောင် အိပ်နေခြင်းကိုပင်။ အပေါ်ဝတ်ရုံကိုခြုံပြီး ကုတင်ပေါ်မှ မဆင်းရသေးမီ ကျူးကျော်သူကြီးက ရောက်ချလာလေပြီ။
နောက်မှလိုက်လာသော ရှစ်ဇီကုန်းကုန်းမှာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့။
ချူယွမ်က လက်အသာဝှေ့ယမ်းပြလိုက်ကာ -
"ရှစ်ဇီ အရင် ထွက်သွားလိုက်ပါ။ ပြီးတော့ သမားတော်ကျန်းကိုလည်း နည်းနည်းနောက်ကျပြီးမှ အခစားဝင်ခိုင်းဖို့ စီစဉ်လိုက်"
![](https://img.wattpad.com/cover/219484667-288-k262617.jpg)
YOU ARE READING
ဧကရာဇ်ဗျူဟာ
Romance"ဒီတစ်ခေါက်ရော အလဲအလှယ်အနေနဲ့ ကိုယ်တော်ဘက်က ဘာပြန်ပေးရမလဲ" "မင်း"