အခန်း - ၁၁၈ (ဘယ်တော့ လက်ထပ်မှာလဲ)

11.9K 1.6K 393
                                    

[တင်တောင်းမယ့် လက်ဖွဲ့လား၊ သတို့သမီးဘက်က ခန်းဝင်ပစ္စည်းလား ]

Relax before reading this chapter .
Cuz it contains major moments and promises . Wish you can absorb more.

"မင်း ဒီသတင်းကို ဘယ်ကနေရလာတာလဲ"

ချူယွမ် မေးလာခြင်းဖြစ်သည်။

"အရင်ရက်တွေတုန်းက နန်ယန်မှာနေတဲ့ သမားတော်ကွေရှိုဆီ ရှောက်ယွီနဲ့လင်အာတို့ သွားလည်ကြသေးတယ်။ အပြန်လမ်းကျတော့ ပိုင်ရှန့်ပြည်မှာ မူမမှန်တဲ့ အပြောင်းအလဲတွေရှိတယ်လို့ သတင်းသဲ့သဲ့ကြားလို့ သူတို့တွေ လမ်းကြုံဝင်ကြည့်ခဲ့သေးတယ်တဲ့"

"ထူးဆန်းတယ်လို့တော့ မဟုတ်ပါဘူး။ ပိုင်ရှန့်ပြည်ခေါင်းဆောင် နာ့ဝါက တာ့ချူနဲ့ပူးပေါင်းပြီး ကုန်သွယ်ရေးလမ်းကြောင်းအသစ်ဖွင့်မယ်ဆိုတဲ့အကြောင်း အရင်ရက်တွေတုန်းက ကိုယ်တော်လည်း သူရိယစန္ဒာတောင်စခန်းဆီ စာရေးပြီးပို့ထားတယ်၊ မင်းလည်း ဒီကိစ္စ သိပြီးသားနေမှာပါ "

ယဲ့ကျင် ခေါင်းညိတ်ပြလိုက်သည်။ ချူယွမ်က ဆက်ဆို၏။

"နာ့ဝါက ကျင်းဆူးတို့၊ ခွန်းတာတို့နဲ့အတူတူ တာ့ချူကို လာခဲ့တာ။ ဒါပေမယ့် လမ်းခုလတ်မှာတင် ချူရှိန့်ရဲ့နောက်လိုက်တွေ လာဖမ်းသွားကြတယ်။ သူတို့ကို သွားကယ်ထားရတာတောင် သိပ်မကြာသေးဘူး ။ အခု သူတို့ စိတ်အခြေအနေတွေ သိပ်ပြီး ပြန်မကောင်းသေးလို့ ကိုယ်တော့်ဘက်က မေးခွန်းအများကြီးမေးချင်ပေမယ့် မကောင်းတတ်လို့ မမေးဖြစ်သေးတာ။ မင်းရောက်လာတော့ အတော်ပဲ၊ သူ့ကို တစ်ချက် သွားပြီး စမ်းသပ်စစ်ဆေးပေးပါလား "

ယဲ့ကျင် မှန်းဆကြည့်လိုက်၏။

"ဒီဆိုရင် အခု ပိုင်ရှန့်ပြည်ကို နာ့ဝါရဲ့ညီ နာ့ရှီးရှစ်က အုပ်ချုပ်နေမှာပေါ့ ၊ သူ့ကို ချူရှိန့်ဘက်က စည်းရုံးသိမ်းသွင်းထားလောက်ပြီးပြီထင်တယ်"

"ဖြစ်နိုင်ပါတယ်။ နန်ယန်ကိုလွှတ်လိုက်တဲ့ အထောက်တော်တော့ ပြန်ရောက်မလာသေးပေမယ့် ရသမျှ သဲလွန်စတွေကို ဆက်စပ်ကြည့်လိုက်ရင် တီးမိခေါက်မိ သိနိုင်နေပါပြီ ။ သူတို့တွေသာ အချင်းချင်း မပူးပေါင်းရင် နာ့ဝါရဲ့ လျှို့ဝှက်ခရီးစဥ်က ဘယ်လိုမှ ပေါက်ကြားသွားမှာမဟုတ်ဘူး။ နာ့ဝါပြန်နိုးလာရင်တောင် ပိုင်ရှန့်ပြည်ကို အထောက်တော်တွေ လွှတ်ပေးပါလို့ ကိုယ်တော့်ဆီ သူ တောင်းဆိုလာမှာမဟုတ်ဘူး။ ဒါပေမယ့် ခုထက်ထိတော့ အခြားကိစ္စတွေအကြောင်း တစ်ခွန်းမှ ထုတ်မပြောသေးဘူး "

ဧကရာဇ်ဗျူဟာWhere stories live. Discover now