one

1.5K 91 23
                                    

Zawgyi code

အိပ်ရာဝင် ပုံပြင်များစွာထဲမှ တပုဒ်ဖြစ်သည့် ရေသူမလေးတယောက် လူသားတဦးနှင့် ချစ်ကျွမ်းဝင်ခဲ့သော ပုံပြင်လေးသည် ကလေးတိုင်းနှင့်တော့ စိမ်းမည်မထင်။

ပြောသည့်လူပေါ် မူတည်၍ ပုံပြင်လေးရဲ့ အဆုံးသတ်ဟာ Happy endingဖြစ်သွားတတ်သလို ရံဖန်ရံခါ Sad endingလည်း ပြောင်းသွားတတ်သည်။

ထိုပုံပြင်နားထောင်ဖူးသော ကလေးတိုင်း မေးဖူးလိမ့်မည့် စကားတခွန်း ရှိသည်။

ရေသူမလေးက တကယ်ရှိတာလား ဟူ၍။

လူကြီးတွေကတော့ ပြန်ဖြေလိမ့်မည်။
ဘယ်ရှိလိမ့်မလဲ ဒါစိတ်ကူးယဉ် ဖန်တီးထားတာပါ။

သို့ပေမဲ့ တကယ်ပဲ စိတ်ကူးယဉ်သက်သက်ပေလား။
အဖြေကတော့ သေချာပေါက် မဟုတ်ဘူးပေါ့။

ဟောဒီက ရေသူထီးလေး ကင်မ်ထယ်ယောင်း ကိုယ်တိုင်က သက်သေပင်။ အစိမ်းရောင် တလဲ့လဲ့ ကြေးခွံများ၊ နီရဲရဲ ဆံနွယ်နှင့် ကျယ်ပြန့်တောင့်တင်းသော ရင်ဘတ်အစုံထက် ခရုသင်းခွေ ဆွဲကြိုးလေးက လှဲလှောင်းလျက်ရှိသည်။

လူသားတွေ တွေးမိမှာတောင် မဟုတ်သည့် ပင်လယ်ပြင်ကြီးရဲ့ ဟိုးအောက်ဆုံး တနေရာ၌ အလွန်တရာ ထည်ဝါခံ့ညားစွာ တည်ရှိခဲ့သော ရေသူတိုင်းပြည်ဝယ်။

သာမန်မျက်စိနှင့် မြင်မတွေ့နိုင်စေရန် မန္တာန်တခု ကာရံလို့ထားကာ ထိုမန္တာန်ရဲ့ နောက်ကွယ်တွင် မျက်စိကျိန်းလုသည်အထိ တဖိတ်ဖိတ် တောက်ပနေသော ရေနန်းတော်ကြီး တည်ရှိလေသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာမှစ၍ တော်ဝင်မျိုးနွယ်ဖြစ်သော ကင်မ်အုပ်စုမှ အုပ်ချုပ်လာခဲ့ရာ ယခုထိတိုင် တိုင်းပြည်ကြီးက အေးချမ်းသာယာလှသည်။

သို့သော် ယနေ့တွင်တော့ ​ရေသူတိုင်းပြည်ကြီးက အလွန်ပင် စည်ကားနေလျက်။ စည်ကားသည်ဆို ရေသူတိုင်းပြည်ရဲ့ ဘုရင်ဖြစ်သော တနည်းအားဖြင့် ထယ်ယောင်း၏ ခမည်းတော်ဖြစ်သည့် ကင်မ်လီရဲ့ သက်တော်၁၀၀၀ ပြည့် မွေးနေ့ပွဲ ဖြစ်သည်။

ထို့်ကြောင့် အလွန်ပင်စွမ်းအားကြီးသော နဂါးမျိုးနွယ်များသာမက ကုန်းပေါ်ရှိ မြေခွေးမျိုးနွယ်၊ နတ်ဆရာများအပြင် ကောင်းကင်ထက်ရှိ နတ်ဒေဝါများပါ ကြွရောက် ချီးမြှင့်ကြ၏။ ဤကဲ့သို့ စည်ကားနေသော နေ့ထူးနေ့မြတ်တွင် ထယ်ယောင်းသည်တော့ အခန်းထဲ မှိုင်နေလျက်ရှိသည်။

CHUPAROSA ||KookV||Where stories live. Discover now