three

513 77 21
                                    

Zawgyi code

ရေသူနန်းတော်၏ အစည်းအဝေး ကျင်းပရာ ခန်းမအလယ် ရေသူ တော်ဝင်မျိုးနွယ်နှင့်တကွ နဂါးမျိုးနွယ်အုပ်စု ရှိနေကြရာ အ​ခြေနေက ဘယ်အချိန် ပေါက်ကွဲမည်မသိတဲ့ မီးတောင်ကဲ့သို့ပင်။

ပုလ္လင်ထက် ခန့်ခန့်ညားညား ထိုင်နေပါသော ရေသူဘုရင်သည်တော့ အရှက်ကြောင့် မျက်နှာတခုလုံး နီရဲနေလျက်..။

"ထယ်ယောင်း.. မင်းဘက်က ဖြေရှင်းချက် ပေးချင်တာ ရှိသလား??"

ပြေးပေါက်ပေးနေပါသော အခွင့်အရေးကို တချက်ပင် မတုံ့ဆိုင်း ထယ်ယောင်းဘက်က ခိုင်မာပြတ်သားစွာ ငြင်းဆိုလို့လာသည်။

"မျက်နှာမပြဝံ့ပါဘူး.. ဂျီရဲလာမင်းသမီး လျှောက်ထားချက်က အမှန်ပါဘဲ။"

ရေသူဘုရင်နှင့်တကွ တော်ဝင်မျိုးနွယ်များ ထယ်ယောင်း အဖြေကြောင့် မျက်နှာပျက်သွားကြကာ နဂါးမျိုးနွယ်တို့သည်လည်း ထူးမခြားနားပင်။ ဂျီရဲလာမင်းသမီးသည်တော့ အခုထိတိုင် ဒေါသကြောင့် တသိမ့်သိမ့် တုန်ယင်နေလျက်။

"ရေသူမျိုးနွယ်ဘက်က သင့်လျော်တဲ့ ဖြေရှင်းချက်နဲ့ ပြစ်ဒဏ်မျိုး ပေးလာမယ် မျှော်လင့်ပါတယ်။ အခုကိစ္စက တကယ်ကို ရှက်ဖို့ကောင်းလွန်းတယ်။"

"ဒါဖြင့် မင်းသမီးလေးဘက်က အခုကိစ္စကို ဘယ်လို အလိုရှိပါသလဲ။"

"အရှင့်ဘက်က စိတ်ကျေနပ်မှု ပေးစေမယ့် ဆုံးဖြတ်ချက်မျိုး ချပေးဖို့ပဲ အလိုရှိပါတယ်။"

ရေသူဘုရင် မျက်နှာပျက်သွားကာ ထိုင်ခုံ လက်ရန်းပေါ် လက်ထောက်ရင်း နားထင်ကို ဖိချေနေမိသည်။ တရားခံမပေါ်သော အမှုကိစ္စများအပြင် တွေးမထားမိသည့် သားငယ်ရဲ့ကိစ္စဟာ အပူများကို တဘူပေါ် တဘူဆင့်စေသည်။

"ကျေးဇူးပြုပြီး အရှင့်သားကို အပြစ်မပေးပါနဲ့။ ကျွန်တော်မျိုးအမှားတွေပါ.. အရှင့်သားကို စိတ်ယိုင်လာအောင် မြှူဆွယ်ခဲ့မိတဲ့ ကျွန်တော်မျိုး မိုက်မဲမှုတွေ ဖြစ်တာမို့လို့ ကျွန်တော်မျိုးကိုပဲ.."

"ဘာတွေပြောနေတာလဲ ဂျွန်.. ငါတို့နှစ်ယောက်ကိစ္စမှာ ငါ့ဘက်က အရင်မင်းကို ဖွင့်ပြော.."

You've reached the end of published parts.

⏰ Last updated: Jul 28, 2020 ⏰

Add this story to your Library to get notified about new parts!

CHUPAROSA ||KookV||Where stories live. Discover now