two

483 76 20
                                    

Zawgyi code

ဂျီရဲလာမင်းသမီး၏ အဖြေသည် ထယ်ယောင်းကိုသာမဟုတ် ပွဲတော်ရှိ ဧည့်သည်တော်များပါ မချန် အံ့သြစေခဲ့သည်။ တော်ဝင်မင်းသမီးတယောက်က တော်ဝင်သွေး မပါသည့် ကိုယ်ရံတော်သာသာ တယောက်နှင့် လတ်ဆတ်ချင်သည်ဟု တောင်းဆိုလာခြင်းက ရေသူဘုရင်၏ မွေးနေ့စားပွဲ၌သာ ကြုံတွေ့နိုင်မည့် ဖြစ်ရပ်တခု ဖြစ်လိမ့်မည်။

နားနှင့်ဆက်ဆက် ကြားလိုက်ရသည်ပင် မယုံနိုင်လင့်ကစား ထပ်မံ၍ သေချာစေရန် ရေသူဘုရင် အတည်ပြုမိသည်။

"ဂျောင်ဂျွန်ဂု? အနောက်မှာရပ်နေတဲ့ ကိုယ်ရံတော်နဲ့လေ?"

ဂျွန်ဂုဘက်သို့ မေးဆတ်ပြလိုက်သော ရေသူဘုရင်နောက် ဂျီရဲလာ၏ အကြည့်တို့ လိုက်ပါစဉ် စတွေ့ခဲ့သည့်နေ့ကလို မျက်နှာသေနှင့် ရပ်နေသော ဂျွန်ဂုကြောင့် သူမ လိုချင်တပ်မက်မှုတွေက တဖြေးဖြေး ဆင့်တိုးလာခဲ့သည်။ သူမ၏အလှ သူမ၏ အောင်မြင်မှု ဂုဏ်ဒြပ်တွေအောက် မကျရှုံးသည့် မျိုးစိတ်ဆိုတာ ရှားပါးသောအရာတခုပင်။

"မှန်ပါတယ်။ ကျွန်တော်မျိုးမ ဂျောင်ဂျွန်ဂုနဲ့ လက်ထပ်ပွဲ ကျင်းပဖို့ စိတ်ကူးရှိပါတယ်။"

သူမဘက်က ကျိန်းသေနေသည့်ပုံပေါက်သော် သားတော်မောင် ထယ်ယောင်းဘက်သို့ ရေသူဘုရင် တချက် လှည့်ကြည့်မိလိုက်သည်။ ထင်သည့်အတိုင်းပင် အကြည့်ချင်းဆုံတာနှင့် ခေါင်းက ဆတ်ဆတ်ကိုခါနေသည်။

အခုတော့ ရေဘုရင် ခေါင်းခဲရလေပြီ။ တဖက်တွင် တိုင်းရေးပြည်ရေး ကိစ္စ၊ ကျန်တဖက်တွင်တော့ တိုင်းပြည်နီးပါး အဖိုးတန်သည့် သားတော်မောင်..။

"မင်းသမီးလေး ဒီကိစ္စကို နောက်တကြိမ် စဉ်းစားပါဦးလား။ နှစ်နိုင်ငံ ချစ်ကြည်ရေး လက်တွဲဖို့က အရမ်းကို အရေးကြီးတဲ့ ကိစ္စပဲလေ။ ကိုယ်ရံတော်လေး တယောက်က မင်းသမီးအတွက် အဆင့်နိမ့်နေတာကြောင့်.."

"အဆင့်နိမ့်တယ် မြင့်တယ်ဆိုတာ အရှင်မင်းကြီးက ဘယ်အရာနဲ့ တိုင်းတာတာပါလဲ? ကျွန်တော်မျိုးမအတွက်တော့ အရည်အချင်းသာ အခရာပါ။ ဟောဒီက ဂျောင်ဂျွန်ဂုရဲ့ လက်ရုံးရည်ဟာ အလွန်ပင်ထူးချွန်တာကြောင့် ဘဝတလျှောက် သူနဲ့လက်တွဲ တိုက်ပွဲတွေဆင်နွှဲပြီး အိုအောင်မင်းအောင် ပေါင်းသွားဖို့ ဆန္ဒရှိပါတယ်။ ဒါ့ကြောင့် စိုးထိတ်နေပုံရတဲ့ မင်းသား၇လည်း စိတ်ချလက်ချ ကျွန်တော်မျိုးမလက်ထဲ ထည့်ပေးပါ။ တသက်လုံး သစ္စာရှိရှိ ပေါင်းသင်းသွားပါ့မယ်။"

CHUPAROSA ||KookV||Where stories live. Discover now