အပိုင်း (၁) - Unicode

179 6 2
                                        

ရန်ကုန်မြို့လည်ခေါင် တစ်နေရာ ။

မိုးထိုးအောင် မြင့်မားသော အထပ်မြင့် အဆောက်အအုံများကြားထဲတွင် အထပ်နှစ်ဆယ်အထိမြင့်သော ရုံးတာဝါတစ်ခုသည် ခန့်ညားစွာ တည်ရှိနေသည်။ အပြင်မှကြည့်
လျှင်စျေးဝယ်စင်တာ၊ ကားပါကင်
တို့နှင့်တွဲလျက်ရှိသော တာဝါကြီးသည် ဖန်ဖြင့်ပြုလုပ်ထားသော ဓာတ်လှေကားများ၊ ခမ်းနားသော ရွှေရောင်တိုင်လုံးများ၊ ကြော်ငြာဘုတ်နှင့် အယ်လ်အီးဒီမှန်သားပြင်များကြောင့် အခြား အဆောက်အဦးများကြားတွင် ထင်ရှားနေ၏။ အတွင်းဘက်သည်ကား တာဝါထဲတွင်ဖွင့်ထားသောရုံးများမှ ဝန်ထမ်းများကြောင့် သာ၍ တောက်ပတော့သည်။ အထပ်တိုင်းရှိရုံးခန်းများသည် လူသွားလူလာတို့ဖြင့် ပျားပန်းခတ်မျှ လှုပ်ရှားသက်ဝင်လျှက်ရှိသည်။ ထိုသူများသည် မြို့နေလူတန်းစား ကုမ္ပဏီဝန်ထမ်းများပီပီ အဖြူ၊ အနီ၊အပြာ၊ အဝါ အရောင်အသွေးစုံလင် သော ခေတ်မီအဝတ်အစားများ၊ ယူနီဖောင်းများကိုဝတ်ဆင်ထားကြပြီး ဖိုင်တွဲကိုယ်စီဖြင့် ဖိနပ်သံများညံနေအောင် ပြေးလွှားလျှက်ရှိသည် ။

တာဝါအတွင်းရှိ ဆယ့်ခုနှစ်ထပ်မြောက်ရုံးခန်းသည်လည်း အခြားနေရာများနည်းတူပင် သက်ဝင်လျှက်ရှိသည်။ ထိုအလွှာ တစ်ခုလုံးအား ရုံးခန်းအနေဖြင့် ငှားထားခြင်းဖြစ်သောကြောင့် အတိုင်းအတာတစ်ခုအထိ ကျယ်ဝန်းကာ သေသပ်ခေတ်မီသည်။ အခန်းရှေ့တွင် "Fronterior Construction" ဟူသော သတ္ထုရောင် ဆိုင်းဘုတ်ပြားကြီးက ထည်ဝါစွာ နေရာယူထားသည်။ အတွင်း၌မူ ရိုးရာမဆန်လွန်းဘဲ ခေတ်ရှေ့ပြေးသော နိုင်ငံခြားဖြစ် ပရိဘောဂများကိုသာ ရွေးချယ်ဆင်ယင်ထားသည်။ ဝန်ထမ်းများထိုင်နေကြသော စားပွဲခုံများမှာ စီစီရီရီ သပ်သပ်ရပ်ရပ်နှင့် ရှိနေသည် ။ဧည့်ကြိုကောင်တာ၊ သတင်းစာစင်၊ အစည်းအဝေးခန်းမအစရှိသည်တို့သည်လည်း နေရာတကျရှိလှသည် ။ ရုံးခန်း၏ ဖန်သားတဝက် နံရံအား နေမထိုးအောင် ကာထားသော ယင်းလိပ်များကို ဖယ်ကြည့်လိုက်လျှင် ရွှေတိဂုံဘုရားကို အဝေးမှဖူးမျှော် နိုင်မည်ဖြစ်သည် ။

အချိန်ကား မနက် ဆယ်နာရီခန့်ဖြစ်၍ အလုပ်လုပ်ကောင်းချိန်။ ရုံးခန်းဧရိယာအတွင်း၌မူ တယ်လီဖုန်းမြည်သံများနှင့် ဝန်ထမ်းများ၏ "ဟဲလို အမိန့်ရှိပါ" ဟူသော ဖုန်းဖြေသံချင်းထပ်အောင် ကြားနေရသည်။ ထိုစဉ် ရုံးအတွင်းဘက်တစ်နေရာမှ အသက်သုံးဆယ်ကျော် အရွယ်ရှိထောင်ထောင်မောင်းမောင်းနှင့်လူတစ်ယောက်သည် ခြေလှမ်းကျဲများဖြင့် ဧည့်ကြိုကောင်တာသို့ ရောက်လာလေသည်။

နေခြည်ဖြာ၍နွေးစေသော်Où les histoires vivent. Découvrez maintenant