7💥

2.9K 249 14
                                    

Unicode version



"Jijiရေ ထတော့"

အသံပြဲကြီးနဲ့ လာနှိုးတဲ့ ommaကြောင့် ချက်ချင်း jijiနိုးလာပါသည်

"ထတော့ jijiရေ'

"ထပြီ omma ထပြီ"

Jijiက အဲ့လိုပြောတော့ unnieက ရယ်တော့သည် ဘာလို့လဲဆို jijiမထရင် ommaရဲ့ အသံပြဲကြီးကို ကြားရမှာမို့ပါ။ ommaက သူ့အကြောင်းသူသိတာမို့ ရယ်နေပါသည်

"ရေမိုးချိုးပြီးရင် အောက်ဆင်းလာခဲ့"

"Nae omma"

Ommaကို ပြောပြီး jiji မျက်နှာသစ်သွားတိုက်လိုက်ပါသည်

ဒီအချိန် ဘေးအခန်းက အသံပြဲကြီးကို ကြားလိုက်ရသည်

"ဟဲ့ ထနော်"

"မထချင်သေးဘူး ommaကလည်း စောသေးတယ်"

"ဘာစောတာလဲ kim taeyeon နင့်ညီမ၂ယောက်တောင် နိုးနေပြီ အကြီးဆုံးဖြစ်တဲ့လူက အခုထိ အိပ်ပုတ်တုန်း ထတော့ kim taeyeon ရေ"

ဘေးအခန်းက ommaနဲ့ unnieတို့ရဲ့ အသံများ...

ဒီအသံများကြောင့် jijiရယ်လိုက်မိပါသည်...

Jijiငယ်ငယ်ကတည်းက unnieနဲ့ ommaက အဲ့လိုပဲ

အတိတ်ကို ပြန်လွမ်းဆွတ်လာရင်း အခုလည်း ဒီလိုမိသားစုနဲ့အတူ ပြန်နေနိုင်တာ ပျော်စရာကောင်းလှပါသည်ဟု jijiတွေးကာ အောက်ထပ်ဆင်းလာပါသည်

"Good morning unnie"

Dahyunက နှုတ်ဆက်ပြီး မနက်စာကို ခင်းကျင်းပေးနေသည် appaက သတင်းစာဖတ်နေပါသည်

ဒီအချိန် ommaနဲ့ unnieလည်း ရောက်လာပါသည်

"Woww...ပဲပင်ပေါက် ဟင်းကြိုလား good good "

Taeyeon unnieက ပြောင်ချောချောပြောကာ ထိုင်ပါသည်

"အစ်မလတ်က ပဲပင်ပေါက် မကြိုက်ဘူးမလား"

"အာ့ကြောင့်မို့ ommaက အလတ်မအတွက် ဝက်သားကြော်နဲ့ ကန်စွန်းရွက်ကြော်ပေးထားတာ ရော့ jijiထည့်ထား"

"Nae"

"Appa ဒီနေ့ ဆေးရုံကနောက်ကျမှာလား"(appaက ဆရာဝန်ပါနော်)

Love affair (Jensoo & Chaelisa)Where stories live. Discover now