Epilogue

11K 594 27
                                    

မနက်ခင်းနေရောင်ခြည်နွေးနွေးက အိမ်ခန်းဆီဖြာကျနေသည်။ လေအဝှေ့တွင်ပါလာသည့် မြေသင်းနံ့က အနည်းငယ်ဟထားသည့်ပြတင်းတံခါးဆီမှ အခန်းတွင်း လွင့်ပျံ့လာ​၏။

"ဖယောင်းလေး ထတော့"

နှိုင်းဝေယံ​၏ နေ့စဉ်လုပ်ငန်းစဉ်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် အခက်ခဲဆုံး တာဝန်တစ်ရပ်၊ ဖယောင်းဦးကို အိပ်ရာမှ နှိုးရခြင်းအမှု။

"နေဦး။ ခဏလေးပဲ"

လှုပ်နှိုးလာသည့်သူ့လက်ကို တွန်းဖယ်ရင်း တခြားဘက်သို့လှည့်သွားသည့် ဖယောင်းကို ကြည့်ရင်း ခေါင်းတခါခါသာလုပ်နိုင်တော့သည်။

"ဖယောင်း ထပါတော့ကွာ။ လိမ္မာပါတယ်"

သူ့အသံကြောင့် အပြေးအလွှားထကာ မျက်နှာ စူပုပ်ထားလေ​၏။

"ကဲ ရော့"

ရင်ဘတ်တည့်တည့်ဆီလွင့်ပျံလာသည့် ခေါင်းအုံးကြောင့် နှိုင်း"အင့်"ခနဲ ခံစားလိုက်ရသည်။ တစ်စက္ကန့်လောက်တော့ အသက်ရှုရပ်သွား​သည် ထင်ရ​၏။

"ဘဲကြီး ခင်ဗျား ဘာဖြစ်နေတာလဲ"

ဆူဆူတောင့်ဆောင့်ပြောလာသည့် ဖယောင်းဦး။

"ထတော့လေ ကလေးရဲ့။ ကိုယ်တို့ လုပ်စရာတွေရှိသေးတယ်လေ"

ဖယောင်းဦးကို ပြန်လည်ချစ်ရေးဆိုရန် အမည်ဖြင့် စစ်ဆင်ရေးက ယခုတိုင် မအောင်မြင်နိုင်သေး၍ နှိုင်းဝေယံ လုံးပန်းနေရသည်မို့ ရရှိသည့်အချိန်ကို မဖြုန်းလို။ ဒီ့ထက် အချိန်ဆွဲနေရလျှင် ကုမ္မဏ်ီိ​၏ ရှိရင်းစွဲ ရာထူးမှ ဖြုတ်ချခံရတော့မည်မှာ မိုးတွင်းတွင် မိုးရွာမည့်နှယ် ထင်ရှားနေပြီသာ။

"နားညီးလိုက်တာ။ အိပ်ပါရစေ။ အိပ်ပါရစေ။ အိပ်ရေးဝဝလေး အိပ်ပါရစေ။ တစ်ရက်လောက်လေးကိုပဲ အိပ်ရေးဝဝ ပေးအိပ်ပါတော့ လား ကိုနှိုင်းဝေယံရဲ့"

ဆူဆောင့်ကာ ပြောလာသည့် သနားစဖွယ် ငြီးတွားသံကြောင့် နှိုင်း ဆက်မပြောတော့။ တစ်ရက်တလေတော့ ဖယောင်း စိတ်တိုင်းကျ နေသင့်သည်မလား။ ရောဂါအခံဖြင့် မှတ်ဉာဏ်တို့ ပြန်လည်ရရှိဖို့ ကြိုးစားနေသည့်ကောင်လေးမလို့။

What if  we're strangersWhere stories live. Discover now