Part-1

22.4K 1.1K 31
                                    

Zawgyi

"ဘာ...လက်ထပ်တော့မယ်ဟုတ်လား"

အလွန်တစ်ရာကြီးမားလှသည့် နန်းတော်လိုတော်ဝင်အိမ်တော်ကြီးထဲတွင် အနောက်တိုင်းဝတ်စုံကိုကျကျနနဝတ်ဆင်ထား
ကာရွှေရောင်တလက်လက်တောက်ပနေသော ထိုင်ခုံပေါ်တွင် ခြေချိတ်ကာထိုင်နေသည့် လူတစ်ယောက်၏အသံက တိတ်ဆိတ်နေသည့်တစ်အိမ်လုံးကိုလွှမ်းခြုံသွားသည်။

"ဟုတ်ပါတယ်...သခင်ကြီး"

"အဟက်...အခုတော့တော်တော့်ကိုအတင့်ရဲနေပြီပေါ့"

"သူနဲ့လက်ထပ်မဲ့အမျိုးသမီးကဘယ်သူလဲ"

"မယ်ရီဆိုတဲ့အမျိုးသမီးပါ...
သူနဲ့ငယ်ပေါင်းကြီးဖော်တွေလို့သိရပါတယ် "

"အာ မယ်ရီ မယ်ရီ ငါပိုင်ဆိုင်တဲ့ပစ္စည်းကိုလာလုရဲသေးတယ်ပေါ့"

"စေ့စပ်ပွဲကဘယ်နေ့လဲ"

"မနက်ဖြန်ပါသခင်ကြီး"

"ကောင်းပြီ အကုန်အသင့်ပြင်ထားလိုက် တစ်ခုမှမလွဲစေနဲ့ လွဲတာနဲ့မင်းတို့အကုန်လုံးခေါင်းဖြတ်ခံရမယ်"

******

ဒီနေ့ရှောင်းကျန့်အလွန်ပင်စိတ်လှုပ်ရှားနေသည်။

စိတ်လှုပ်ရှားဆို သူနဲ့မယ်ရီနဲ့စေ့စပ်ပွဲလေးက မကြာခင်မှာပဲအထမြောက်တော့မှာမလား။

မယ်ရီ့ရဲ့မိဘတွေကစေ့စပ်ပွဲပြီးတာနဲ့ နောက်တစ်လလောက်ဆိုလက်ထပ်ဖို့ပါတစ်ခါတည်းစီစဉ်ပြီးသားမို့ သူရောမယ်ရီရောက အလွန်ပင်ပျော်ရွှင်နေကြသည်။

စေ့စပ်ပွဲစတော့မှာမို့ အဖြူရောင်Suitလေးကို အမြန်ဝတ်ဆင်လိုက်ကာ အဖြူရောင်နဲ့အပြာရောင်တွေကို လှပစွာရောစပ်ခင်းကျင်းထားတဲ့ ခြံလေးထဲကိုဆင်းလာခဲ့လိုက်သည်။

အပြာရောင်ဝတ်စုံလေးကိုဝတ်ဆင်ပြီးသူ့လက်ကိုလာချိတ်တဲ့မယ်ရီကဒီနေ့အရမ်းကိုလှနေပြီးချစ်စရာကောင်းနေတာမို့အသည်းယားစွာပါးလေးကိုဖျစ်ညစ်လိုက်သည်။

"အာ ရှောင်းဘာလို့ပါးကိုလာဆွဲတာလဲ!"

"ဒီနေ့မယ်ရီကအရမ်းကိုလှနေတော့ အသည်းယားလာလို့ပါးလေးကိုဆွဲလိုက်တာလေ"

Sweetie Honey Boy 🚨🔞[Completed]Where stories live. Discover now