Part-2

13.6K 1K 24
                                    

Zawgyi

ရှောင်းကျန့်ရေချိုးပြီး
bathtubထဲကနေထမယ်ပြင်တော့ လက်ရန်းတွေကိုင်ပြီးထတာတောင်ထရတာ
အဆင်မပြေပဲစူးခနဲနာကျင်မှုတွေကိုသာ
ကြိတ်မှိတ်ခံနေရသည်။

ထိုအချိန်မှာပဲဝမ်ရိပေါ်ကတံခါးကိုတွန်းဖွင့်ကာ
ဝင်လာတာမို့ရှက်ရှက်နဲ့ လက်ရန်းကိုလွှတ်လိုက်မိတော့ လူကbathtubထဲကိုဖင်ထိုင်ရက်ကျသွားရသည်။

"အား!!!သေပါပြီ နာလိုက်တာ!!"

"ဟင် ရှောင်းကျန့် ခင်ဗျားအဆင်ပြေရဲ့လား!"

အေး ပြေတယ်...။
မင်းမနေ့ညကသေလောက်အောင်လုပ်ထားလို့ သောက်ရမ်းတွေအဆင်ပြေနေတာ။

စကားပြန်မပြောလို့ မရအောင်ကိုနာတာမို့
လက်သာကာပြလိုက်ရင်းလက်ရန်းကိုပြန်ကိုင်ကာထဟန်ပြင်တော့ဝမ်ရိပေါ်ကရှောင်းကျန့်ကို တစ်ခါထဲပွေ့ချီလိုက်လေသည်။

"ဟာ!!...ဘာလုပ်တာလဲ ငါ့ဘာသာငါလမ်းလျှောက်နိုင်တယ်!ချပေးစမ်း ဝမ်ရိပေါ်!!!"

"ခင်ဗျားလျှောက်နိုင်တာသေချာလို့လား...
ပါးစပ်ပိတ်ပြီးငြိမ်ငြိမ်လေးနေ"

"ဒါပေမဲ့...ငါက"

"ရှောင်းကျန့်!!!"

စကားမဆုံးခင်ပဲသူ့နာမည်ကိုအော်ပြောလိုက်တာကြောင့်ချက်ချင်းပဲပါးစပ်ကအလိုလိုပိတ်သွားရတော့တယ်။

တကယ်ပါ ပြောပုံကိုကအမြဲတမ်းအထက်စီးနဲ့ မသိရင်ပဲကိုယ်ကသူ့လုပ်စာထိုင်စားနေသလိုပုံစံမျိုး...

အချိုးကိုမပြေဘူး ရုပ်ကလေးချောသလောက် ဖင်ဘဝင်မြင့်တယ်ဆိုတာသူပေါ့...

"ခင်ဗျားစိတ်ထဲမကျေနပ်တာရှိရင်နောက်မှပြော...အခုတော့အဝတ်အစားလဲပြီးရင်ကျွန်တော်ပြောတဲ့အတိုင်းနေဖို့သာအသင့်ပြင်ထား"

ရိပေါ်ကရှောင်းကျန့်စိတ်ထဲကစကားတွေကိုသိနေသည့်အလားသူ့ကိုခပ်ပြတ်ပြတ်သာပြောရင်းမွေ့ရာထက်ကိုငြင်သာစွာချပေးလာတယ်။

ဘာလို့ငါကမင်းပြောတဲ့အတိုင်းနေရမှာလဲ!!အမှန်ဆိုငါကသာမင်းကိုအပြစ်ပြောဆိုပြီးမင်းကသာငါပြောတဲ့အတိုင်းနေရမှာလေ...။

Sweetie Honey Boy 🚨🔞[Completed]Where stories live. Discover now