Final For Unicode

15.4K 723 33
                                    

" ရိပေါ် "

နှစ်ယောက်အတူတူ ကုတင်ပေါ်မှာ တစ်ယောက်လက်တစ်ယောက်ကိုင်ကာ အိပ်နေရာမှ ရှောင်းကျန့်ရဲ့ ခေါ်သံကြောင့် ရိပေါ်ရဲ့ မျက်လုံးတို့ ပွင့်လာခဲ့သည် ။

" အင်း ကျန့်ကော "

" ငါလေ ဟို ဟို "

" ပြောလေ ကျန့်ကော "

" ငါပြောလိုက်ရင် မင်းစိတ်ဆိုးသွားမှာစိုးလို့ "

" ဒါကတော့ ကျန့်ကောစကားနဲ့ပဲဆိုင်တယ် "

" ငါမယ်ရီနဲ့တွေ့ချင်တယ် "

" ဘာ!!! ရှောင်းကျန့် ခင်ဗျားဘာပြောလိုက်တယ်!! "

ကုတင်ပေါ် ကနေဆတ်ကနဲ ထထိုင်ကာ မျက်နှာတွေပါနီရဲ လာတဲ့အထိ အလွန်အမင်းဒေါသထွက်နေပုံရတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့် စကားပြောမှားသွားမှန်း သတိထားမိတယ် ။

ရှောင်းကျန့်ပါ ကုတင်ပေါ်ထထိုင်လိုက်ကာ ရိပေါ်ရဲ့ လက်တွေကို ခပ်တင်းတင်းဆုပ်ကိုင်တော့ ဒေါသထွက်နေပုံရတဲ့ ကောင်လေးက သူ့ကိုမကြည့်ပဲ မျက်နှာလွှဲသွားသည် ။

" တိတိလေး ကောကလေ ဟိုလိုသဘောမျိုးနဲ့ ပြောတာမဟုတ်ပါဘူး "

" အဲ့လို သဘောမဟုတ်လို့ ဘယ်လိုသဘောမျိုးလဲ "

တိတိလေးဆိုတဲ့ခေါ်သံကြောင့်ပဲထင်ပါရဲ့ ။
ရိပေါ်ရဲ့ လေသံကအနည်းငယ်ပျော့သွား တာကြောင့် ရှောင်းကျန့်မှာ ရိပေါ်မမြင်အောင် ရိပေါ်ရဲ့မူပိုင် တခြမ်းရွဲ့ အပြုံးခိုးပြုံးမိသေးတယ် ။

" ဘာရယ်တာလဲ "

ဟိုဘက်လှည့်နေပေမဲ့ ခိုးကြည့်နေတဲ့ ရိပေါ်ဆီက အသံကြောင့် အသံထွက်တဲ့အထိ ရယ်လိုက်မိတော့ ပိုပြီးစိတ်ဆိုးသွားပုံရတဲ့ ကောင်လေးက ရှောင်းကျန့်ကိုင်ထားတဲ့ လက်ကို ဆွဲဖြုတ်ကာ ခေါင်းမြှီး ခြုံပြီးအိပ်ချင်ယောင်ဆောင်နေလေရဲ့ ။

" ကောကအမှန်တွေကိုသိချင်ရုံပါ သူကမထင်မှတ်ထားလောက်အောင် ညဏ်ကောင်းတဲ့ မိန်းမမျိုးဆိုတာ ရိပေါ်လည်းသိတာပဲလေ "

သူ့စကားကြောင့် ရိပေါ်က ခေါင်းမြှီးခြုံထားရာကနေ ထထိုင်လာကာ သူ့ကိုအကြည့်စူးစူးတွေနဲ့ စိုက်ကြည့်လာတာကြောင့် ကျောတောင်ချမ်းလာသလိုပင် ။

Sweetie Honey Boy 🚨🔞[Completed]Dove le storie prendono vita. Scoprilo ora