မနက်ခင်း နေမင်းရဲ့လင်းရောင်ခြည်သည် အခန်းထဲသို့တိုးဝင်
လာတော့သည်။မိမိကိုယ်ထဲကွေးကွေးလေးအိပ်နေသော သူ့နဖူးလေးကို နမ်းလိုက်တော့ မျက်ခုံးနှစ်ဖက်ကို တွန့်ချိုးလိုက်လေသည်။"အွန်း.........."
"နိုးပြီလား..."
"အဲ့လောက်နမ်းနေမှတော့မနိုးပဲနေမလား တစ်ညလုံးလည်း အနိုင်ကျင့်ပြီးသွားပြီး ဒါတောင်မကျေနပ်နိုင်သေးဘူးလား"
"အိုက်ယား....ချစ်ဖို့ကောင်းအောင်လုပ်ပြနေပြန်ပီ အသည်းယားလာရင်တော့ ဒီကောင်လေး လမ်းလျှောက်နိုင်မယ် မထင်ဘူး"
"ရပြီ တော်ပြီ တစ်ခါလေး လိုက်ရောမိတာနဲ့ အခွင့်ရေးက ယူချင်သေးတယ် သွားတော့ မင်းကြီးဆီ သွားစရာရှိတယ်ပြောပြီးတော့ လူနားလာကပ်နေတယ်"
"ဟုတ်ပါပီ ကိုသွားပါမယ် လမ်းလျှောက်နိုင်ရဲ့လား"
"လျှောက်နိုင်တယ် သွားတော့ "
မုချင်တစ်ယောက်အားရန်ကို မထိတထိစပြီး အင်္ကျီဝတ်ကာ ထွက်လာလေသည်။အဆောင်နဲ့ မလှမ်းမကမ်းနေရာရောက်
တော့...ထူဝေနှင့်တည့်တိုးမိလေသည်။"ဟေး....မုချင်ပါလား...မင်းသား၂အဆောင်က ပြန်လာတာလား"
"ဟုတ်တယ်"
"အစောကြီးဘာသွားလုပ်တာလဲ"
"ငါ့ဟာငါ ဘာသွားလုပ်ပေါ့ မင်းအတော်စပ်စုကောင်ပဲ"
"မင်းမဟုတ်တာလုပ်လာလို့ ဟိုလွှဲချ ဒီလွှဲချလုပ်နေတာမလား"
(သေစမ်း... မုချင်ရေ သေလိုက်တော့ မိဘုရား ချန်မေ ဆီမှာမိထားတာတောင်တော်တော် ဒုက္ခကြီးနေတာ ဒီကောင်ပါ ငါတို့အကြောင်းသိရင် ငါသေပြီပဲ... အဲ့နှာဘူးက မိဖုရားထက် ပိုကြောက်ဖို့ကောင်းတယ်)
![](https://img.wattpad.com/cover/198710450-288-k103094.jpg)