Chapter[3]

14.3K 1K 21
                                    

#UNICODE

"အင်း"

မှူးသခင်အိပ်နေရင်းကနေ ခါးကိုအနောက်ကနေတစ်စုံတစ်ယောက်ကတင်းကြပ်စွာဖက်ထားမှုကြောင့် နိုးလာရခြင်းဖြစ်တယ်။

မနေ့ညကမောင့်ရင်ခွင်ထဲမှာငိုရင်းနဲ့ပဲအိပ်ပျော်သွားတာအခုထိပဲ။မှူးဘယ်လိုအိပ်ပျော်သွားမှန်းလဲမသိဘူး။

မှူးရဲ့ခါးကိုတင်းကြပ်စွာဖက်ထားတဲ့မောင့်လက်ကိုအပေါ်ကနေပြန်ထပ်ကိုင်ပြီးမှူးရဲ့နောက်ကျောကမောင့်ကိုလှည့်ကြည့်လိုက်တယ်။

မှူးအတွက် မောင့်ရင်ခွင်ကနွေးထွေးတယ်။လုံခြုံတယ်လို့ခံစားရစေတယ်။

မောင်ကမှူးထက်အသက်ငယ်ပေမဲ့မှူးထက်အများကြီးတော်တယ်။ရင့်ကျက်တယ်။ဦးဆောင်နိုင်တဲ့အရည်အချင်းတွေရှိတယ်။

ကုမ္ပဏီကိုလည်းစနစ်တကျအုပ်ချုပ်နိုင်တဲ့စွမ်းရည်ရှိတယ်။ပြဿနာတွေရှိလာရင်လည်းတည်တည်ငြိမ်ငြိမ်နဲ့ဖြေရှင်းနိုင်တယ်။

ဒါကြောင့်မို့လို့လဲမောင်ကအချိန်တိုအတွင်းမှာအောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်လာတယ်။

မှူးသခင် မင်းစေလိုရာအနောက်ကနေခါးကိုသိုင်းဖက်ထားတဲ့လက်ကိုအသာလေးဆွဲမပြီးကုတင်ပေါ်ကနေဖြေးဖြေးလေးဆင်းတယ်။

မှူးသခင်ကုတင်ကနေဆင်းပြီးရေချိုးခန်းကိုအရင်သွားတယ်။

ရေချိုးခန်းထဲကဘေစင်ဘေးနားမှာချိတ်ထားတဲ့ခွက်ထဲက မောင့်သွားတိုက်တံကိုအရင်ထုတ်ပြီးသွားတိုက်ဆေးထည့်ပေးပြီးဘေစင်ရဲ့ဘောင်ပေါ်မှာတင်ထားပေးလိုက်တယ်။

ပြီးမှမှူးသခင် မျက်နှာသစ်သွားတိုက်ပြီးမင်းစေလိုရာအတွက် မနက်စာပြင်ပေးဖို့အောက်ထပ်ကမီးဖိုဆောင်ကိုသွားတယ်။

မှူးသခင် မောင့်အတွက်ပဲပင်ပေါက်ဟင်းချိုကိုအရင်ချက်လိုက်တယ်။

ပြီးတော့မှပေါင်မုန့်ကြက်ဥကြော်နဲ့ကော်ဖီကိုပြင်ဆင်နေလိုက်တယ်။

Till My Last Day   {နောက်ဆုံးနေ့ရက်ထိတိုင်အောင်}{နောက်ဆုံးနေ့ရက္ထိတိုင်အောငျ} Where stories live. Discover now