Chapter [27]

7K 499 45
                                    

#UNICODE

" ချစ်တယ် "

မှူးသခင်သည် မင်းစေလိုရာ၏မျက်နှာအနားသို့တိုးကပ်လာရင်းပင် ရီဝေဝေအကြည့်များဖြင့် ပြောလေသည်။

ထိုအချိန်တွင် မင်းစေလိုရာ၏သွေးကြောများ သည်ခန္ဓာကိုယ်ထဲတွင်မရှိတော့သည့်အခြေအနေမျိုးပင်ခံစားနေရပြီး သူ၏မျက်နှာရှေ့တွင် မျက်လုံးရီဝေဝေလေးနှင့် ပန်းရောင်လှိုင်းလေးပြေးနေသကဲ့သို့ဖြစ်နေသော ပါးလေးနှစ်ဖက်ကိုဆွဲနမ်းချင်သည့်စိတ်ဆန္ဒတို့က ဆူပွက်နေသည်ကိုတော့ မှူးသခင်တစ်ယောက်မသိခဲ့ပါလေ။

" ချစ် တယ် လို့ "

မင်းစေလိုရာနှင့်မှူးသခင်တို့အကြည့်ချင်းဆုံမိနေရင်းမှပင် အမူးသမားလေးမှူးသခင်သည် မင်းစေလိုရာ၏မျက်နှာအနားသို့ပို၍တိုးလာပြန်သည်။ထို့နောက် စိတ်မရှည်သည့်လေသံလေးဖြင့် ဆူဆူအောင့်အောင့်ပင်ပြောဆိုလာသည်။

မင်းစေလိုရာသည် သူ့အားဂျိုကြည့်ကြည့်ပြီး ဆူပုတ်ပုတ်ဖြစ်နေသည့်မှူးသခင်အားကြည့်ရင်းပင် သူ၏သည်းခံနိုင်စွမ်းတို့ကမရှိလာတော့သည်။ထို့အတွက်ကြောင့် မင်းစေလိုရာသည်မှူးသခင်၏မေးစေ့လေးအား မိမိလက်တစ်ဖက်ဖြင့်ကိုင်လိုက်ပြီး မိမိ၏နှုတ်ခမ်းနှင့် မှူးသခင်၏နှုတ်ခမ်းတို့ကိုတွေ့ဆုံစေလိုက်သည်။

ပထမဆုံးအနေနှင့် မှူးသခင်၏ အပေါ်နှုတ်ခမ်းလေးကို နူးနူးညံ့ညံ့လေးဖြင့်စုပ်ယူလိုက်သည်။ထို့နောက် အောက်နှုတ်ခမ်းလေးကိုပါတစ်လှည့်ပြန်၍နူးညံ့စွာ စုပ်ယူလေသည်။

မင်းစေလိုရာသည် မှူးသခင်၏နှုတ်ခမ်းလေးအားအပေါ်တစ်လှည့် အောက်တစ်လှည့်ဖြင့်နူးညံ့စွာစုပ်ယူနေရင်းပင် မှူးသခင်ဆီမှအနမ်းများသည် မထင်မှတ်ဘဲနဲ့ပြန်၍တုန့်ပြန်လာကြသည်။

နူးညံ့ညံ့လေးဖြင့်အနမ်းတို့ကိုတုန့်ပြန်နေသည့်မှူးသခင်ကို မင်းစေလိုရာသည်သူ၏အနမ်းမိုးများကိုအသည်းအသန်ပင်ရွာချစေသည်။ထို့နောက် မင်းစေလိုရာသည်နမ်းနေရင်းမှပင် မှူးသခင်၏နှုတ်ခမ်းဆီမှရုတ်တရက်ခွာလိုက်လေသည်။

Till My Last Day   {နောက်ဆုံးနေ့ရက်ထိတိုင်အောင်}{နောက်ဆုံးနေ့ရက္ထိတိုင်အောငျ} Where stories live. Discover now