Chapter[14]

11.5K 854 117
                                    

#UNICODE

"မာမီ"

မင်းစေလိုရာ ဒေါ်နန်းထိုက်ပန်းအားမထင်မှတ်ပဲတွေ့လိုက်ရသဖြင့် တံခါးပေါက်အဝတွင်ကျောက်ရုပ်တစ်ရုပ်လိုပင်သာကြောင်ပြီးရပ်ကြည့်နေမိသည်။

"ဖယ်စမ်း"

ဒေါ်နန်းထိုက်ပန်း မိမိ၏အရှေ့တွင်ပိတ်ရပ်နေသော မင်းစေလိုရာအားဆောင့်တွန်းကာပင်အခန်းထဲသို့ပင်ဝင်သွားလေသည်။

"မာမီက...ဘယ်လိုကနေဘယ်လိုဒီကိုရောက်လာတာလဲ။"

အခန်းထဲသို့မိမိအားတိုက်ပြီးဝင်သွားသောဒေါ်နန်းထိုက်ပန်း အနောက်အားမင်းစေလိုရာတစ်ယောက်အမြန်ပင်လိုက်၍အကျိုးအကြောင်းအားမေးမြန်းနေလေတော့သည်။

"အဟက်..."

"မင်းစေလိုရာ...ငါ့သား...မင်းယောကျာ်းတွေကိုကြိုက်တတ်မှန်းအမေဖြစ်တဲ့ငါကမသိခဲ့ရပါလားဟမ်။"

ဆေးရုံကုတင်ပေါ်တွင်ဆေးပိုက်များ အောက်ဆီဂျင်ပိုက်တို့ဖြင့်ဆက်သွယ်ထားရသောမှူးသခင်ဆီသို့ ဒေါ်နန်းထိုက်ပန်းလျှောက်သွားပြီးမင်းစေလိုရာအားခနဲ့နေတော့သည်။

"......."

"ငါ့သားရယ်...ငါ့သားလိုရုပ်ရည်နဲ့အရည်အချင်းတွေနဲ့များ ဘာစိတ်ကူးပေါက်ပြီးဟိုကောင်မရဲ့သားကိုမှသွားယူရတာလဲ။"

"ချစ်လို့...ကျွန်တော်သူ့ကို...ချစ်လို့"

ဒေါ်နန်းထိုက်ပန်း၏အမေးအား မင်းစေလိုရာ မှူးသခင်အားကြည့်လိုက်ရင်းပင် အသံတုန်ရီစွာဖြင့်ပြန်ဖြေလိုက်လေသည်။

"ချစ်...လို့....အဟက်...."

မင်းစေလိုရာ၏အဖြေအဆုံး ဒေါ်နန်းထိုက်ပန်းတစ်ယောက်မှူးသခင်အားစိုက်ကြည့်ပြီးမဲ့ပြုံးတစ်ခုကိုဝတ်ဆင်လိုက်ပြီး မင်းစေလိုရာအားပြန်ကြည့်ကာစကားအားတစ်လုံးချင်းစီပြောလေသည်။

Till My Last Day   {နောက်ဆုံးနေ့ရက်ထိတိုင်အောင်}{နောက်ဆုံးနေ့ရက္ထိတိုင်အောငျ} Opowieści tętniące życiem. Odkryj je teraz