အခန္း ၁ ( Unicode )

1.4K 172 0
                                    

ငါက ရှောင်းကျန့်.. ။ ကောင်းကင်ဘုံက မြင့်မြတ်တဲ့ မိုးမခပင်ရဲ့ အစောင့်အရှောက်နတ်မင်း ..။ အာရုံထွေပြားလောက်အောင် လှပတဲ့ နတ်သမီးတွေ.. ကောင်းကင်ဘုံ နန်းဆောင်လေးခုရဲ့ ရှုပ်ထွေးလှတဲ့ အတွင်းရေးတွေ.. ကောင်းကင်ဘုံ နတ်မင်းကြီးရဲ့ အခုတစ်မျိုး တော်ကြာတစ်မျိုး အမိန့်တော်တွေ ကြားထဲမှာ နေရတာ အရမ်းမွန်းကြပ်လာလို့ လူပြည်ကို တိတ်တိတ်လေး ထွက်ပြေးလာခဲ့တာ..။

ငါက ရှောင်းကျန့်..။ အခုတော့ အေးချမ်းတဲ့ ရွာသေးသေးလေးကို စောင့်ရှောက်ပြီး ရွာဘေးက တောအုပ်ထဲမှာ နေတဲ့ ရွာအစောင့်အရှောက် နတ်မင်းဖြစ်နေပြီ..။ ရွာလေးမှာက ရိုးသားတဲ့ တောသူတောင်သားတွေရှိတယ်... ။ သူတို့တွေ ကောက်ပဲသီးနှံဖြစ်ထွန်းအောင် သွားလမ်းလာလမ်းသာအောင် အန္တရာယ်ကင်းအောင် ငါက စောင့်ရှောက်ပေးတယ်..။

အင်း... သေချာပြောရမယ်ဆိုရင်တော့ တောအုပ်လေးထဲနေပြီး သေရည်မော့လိုက် ကူချင်းတီးလိုက် လုပ်တာပါပဲ..။ မိုးတိမ်နတ်သမီးက ငါ့မိုးမခပင်က ထွက်တဲ့ သေရည်ကို အရမ်းကြိုက်တာကြောင့် ရွာလေးအတွက် မိုးရွာပေးဖို့ လိုတဲ့ အချိန်တိုင်း ငါက သူ့ကို မိုးမခသေရည်တစ်အိုး ပေးလိုက်ရုံပဲ..။ ငါ့အရှိန်အဝါက ရွာကလေးနဲ့ တောအုပ်လေးကို လွှမ်းခြုံထားတာ ဆိုတော့ အန္တရာယ် ပြုနိုင်တဲ့ သတ္တဝါဆိုးတွေကလည်း အဝေးက ရှောင်သွားကြတယ်..။ ဆိုတော့ .. ငါ့မှာ အလုပ်ရယ်လို့ များများစားစား မရှိလှဘူး..။

ကောင်းကင်ဘုံနတ်မင်းကြီးကလည်း ငါ ရွာအစောင့်အရှောက်နတ်မင်းအနေနဲ့ လုပ်ပေးဖို့ ဆန္ဒရှိတာကိုတွေ့တော့ ကောင်းကင်ဘုံကို ပြန်မခေါ်တော့ဘူး..။ သူ့ကြည့်ရတာ ငါစိတ်ချမ်းသာရင် ကောင်းကင်ဘုံကြီးအေးချမ်းတယ်လို့ သတ်မှတ်ထားသလိုပဲ..။ ဒီလိုနဲ့ ငါ့ရဲ့ နေ့ရက်တွေဟာ အပူအပင်မရှိ အေးအေးသက်သာနဲ့ ဖြတ်သန်းနိုင်ခဲ့တယ်..။ အဲဒီ့နေ့ကို မရောက်ခင်အထိပေါ့..။

ငါက ရှောင်းကျန့်... ။ ဒီနေ့တော့ ငါ့မျက်စိရှေ့ကို ရောက်လာတဲ့ နတ်ပေါက်စလေး တစ်ယောက်ကို ခြေဆုံးခေါင်းဆုံး ကြည့်နေမိတယ်..။ သူက သူ့ကိုယ်သူ နတ်မင်းကြီးက လွှတ်လိုက်တာလို့ ပြောတယ်..။ နတ်မင်းကြီးက အရှင်ရှောင်းကျန့်ကို အမှာပါးလိုက်ပါတယ်တဲ့..။ ရွာအစောင့်အရှောက်နတ်မင်းအဖြစ် တာဝန်ယူပေးနေတာ နှစ်ခြောက်ရာ ကြာနေပြီမလို့ ဆက်ခံသူ တစ်ယောက် လွှတ်ပေးလိုက်တာပါတဲ့..။ ဆက်ခံသူကို တာဝန်လွှဲပေးပြီးသွားရင် အရှင်ရှောင်းကျန့် သွားလိုတဲ့ အရပ်ကို ပျော်ပျော်ပါးပါးသွား.. အတွေ့အကြုံရှာပြီးမှ ကောင်းကင်ဘုံကို ပြန်လာခဲ့ပါတဲ့..။

ဆက်ခံသူကို သင်ပြခြင်းWhere stories live. Discover now