အခန်း ၃ [ ဇာတ်သိမ်း ] ( Unicode )

1.1K 219 8
                                    

ငါက ရှောင်းကျန့်.. ခဏ ခဏ ပြောလို့ အကုန်သိပြီးကြပြီမလား..။ နောက်ထပ်ထပ်ပြီး ငါက ရှောင်းကျန့်ဆိုတာ ပြောမပြတော့ဘူး..။

" အရှင်.. ရွာထဲမှာ ဆိတ်တွေနွားတွေ ပြန်မလာတာ ဆယ်ကောင်လောက်ရှိနေပြီလို့ သတင်းရပါတယ်.. "

ငါ့လက်ထောက် ယုန်ဘုရင်က သတင်းလာပို့တယ်.. ။ ရိပေါ်ကို ရွာစောင့်နတ်ဖြစ်ဖို့ လိုအပ်တဲ့ တတိယတစ်ချက် သင်ပေးဖို့ လုပ်နေတုန်းမှာပဲ သတင်းကဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာ..။ ရွာစောင့်နတ် တစ်ပါးရဲ့ တာဝန်က ရွာကို ကိုယ့်အရှိန်အဝါနဲ့ လွှမ်းခြုံပေးထားပြီး ဘေးအန္တရာယ်တွေကနေ ကာကွယ်ပေးရမှာ..။ ဒီလို အချိန်မှာ ဆိတ်တွေ နွားတွေ ပျောက်တယ် ဆိုတာက တကယ်တမ်းကတော့ တောစောင့်ဘီလူးရဲ့ လက်ချက်ပဲ..။ သူက ဆယ်နှစ်တစ်ခါပေါ်လာတယ်..။ သူ့တာဝန်က ဆယ်နှစ်တစ်ခါ ပေါ်လာဖို့ ဖြစ်သလို ငါ့တာဝန်ကလည်း သူပေါ်လာရင် နှိမ်နင်းဖို့ပဲ..။

သူက နတ်ဆိုးဘုံက ဆိုပေမယ့် သူကလည်း အလုပ်ကို လုပ်တယ်ဆိုရုံလေး လုပ်တဲ့ သူပဲ..။ တခြား တောစောင့်ဘီလူးတွေလို ထင်းခုတ်သွားတဲ့ လူတွေကို ဖမ်းစားတာမျိုးမရှိဘဲ သူပေါ်လာပြီဆိုရင် ဆိတ်လေး နွားလေး ငါးကောင်လောက် စတိ ဖမ်းစားလိုက်တယ်..။ ပြီးရင် ငါအရှိန်အဝါ ထုတ်တယ်ဆိုရုံလေး ထုတ်လိုက်တာနဲ့ ကြောက်ချင်ယောင်ဆောင်ပြီး သူ့ဘုံနန်း သူ ပြန်ပြေးတာပဲ..။ ဒီအတောအတွင်းမှာ သူရောငါရောက ဒီလိုပုံစံနဲ့ ကိုယ့်အလုပ်ကိုယ်လုပ်ပြီးနေလာခဲ့ကြတာ ..။ ဒီနေ့တော့ ရိပေါ်ကို လက်တွေ့ပြရတာပေါ့..။

တောအုပ်ထဲက ထွက်ပြီး ငါနဲ့ ရိပေါ်နဲ့ တောစပ်ကိုလျှောက်လာတယ်..။ အနက်ရောင်နဲ့ ငွေမှင်ရောင် ရောစပ်ထားတဲ့ ဝတ်ရုံနဲ့ တောစောင့်ဘီလူးဟာ ခပ်တည်တည်ပဲ ငါလာတာကို စောင့်နေတဲ့ပုံစံ..။ ငါသိတယ် .. သူထွက်ပြေးသွားပြီးရင် နတ်ဆိုးမင်းသမီးလေးတွေနဲ့ သူ့ဘုံနန်းမှာ သွားပျော်တော့မှာ..။

" ရွာသားတွေရဲ့ တိရိစ္ဆာန်လေးတွေကို ဖမ်းစားနေတဲ့ ဘီလူးဆိုတာ မင်းလားကွ.. "

အပ်ကြောင်းထပ်အောင် ပြောဖူးနေတဲ့ စကားကို ခပ်တည်တည်ပြောရင်း ရှောင်းကျန့်က အရှိန်အဝါ ထုတ်ဖို့လုပ်တယ်..။ တကယ်ဆို အရှိန်အဝါထုတ်ရမှာတောင် ရှောင်းကျန့်ပျင်းတယ်..။ တစ်ယောက်နဲ့ တစ်ယောက် ' မင်းကို ငါတွေ့တယ် .. ငါ့ကို မင်းတွေ့တယ် ' ဆိုရင် လိမ့်လို့ ရနေပြီဟာကို..။

ဆက်ခံသူကို သင်ပြခြင်းWhere stories live. Discover now