Dearest He-11

1.1K 150 8
                                    

(ZawGyi Ver)

"ဘာကြည့်​​နေတာလဲ
တက်​​လေ"

လက်​ကမ်း​ပေးတဲ့Jongin​ကြောင့်​ကျွန်​​တော်
မျက်​လုံးစုံမှိတ်​ကာရထား​ပေါ်တက်​လိုက်​သည်​။
။ တစ်​ခါမှရထားမစီးဖူး​တော့ အခုကျွန်​​တော့်​ရင်​ဘတ်
ကလဲ ရထားတဒုတ်​ဒုတ်​​မောင်း​နေသလိုတဒိန်းဒိန်း
ဖြစ်​​နေ၏။ ။ ကျွန်​​တော်​​ချွေးစီးပြန်​လာတာကိုသူက
တွေ့လို့လားမသိသူ့အ​နွေးထည်​ဖြင့်​နဖူးကိုခပ်​ဖွဖွ
သုတ်​​ပေးသည်​။

Jonginနဲ့ပထမဦးဆုံး​လျှောက်​လည်​တာမလို့
ညကလဲစိတ်​ကူး​တွေယဉ်​ပြီး​တော်​​တော်​နဲ့
အိပ်​မ​ပျော်​ခဲ့... ​ခေါင်းနဲနဲမူးလာသဖြင့်
ကျွန်​​တော်​ပြတင်းဘက်​​ခေါင်းထွက်​ကာ
လေညှင်းခံလိုက်​တယ်​။ ။

"ကျစ်​....​ဘေးမှာရထား​တွေရှိတယ်
ဘာလို့​ခေါင်းထုတ်​တာလဲ!!"

ဒေါသတကြီးနဲ့ကျွန်​​တော့်​ကိုဆွဲကာ​ပြောတဲ့
သူ့ကိုနှုတ်​ကပဲတီးတိုးဆဲလိုက်​ရင်း ရှေ့ခုံတွင်
ပြောင်းထိုင်​လိုက်​သည်​။ ရထား​နောက်​ဆုံးတွဲမလို့
ရထား​ပေါ်မှာလက်​မှတ်​စစ်​တဲ့ဦး​လေးကြီးကလွှဲရင်
်​ကျန်​တဲ့သူ​တွေတစ်​​ယောက်​မှမရှိ...။ ရထားဆိုတာနဲ့
Train to Busanကို​ပြေးမြင်​လာ၍​ကြက်​သီး
မွှေးညှင်းကလဲထလာသည်​။

အဲ့အချိန်​မှာပဲရထားကလှိုဏ်​​ခေါင်းထဲ
ဖြတ်​သွားတာ​ကြောင့်​​မှောင်​မဲသွားသဖြင့်
့်​ကျွန်​​တော်​Jonginဆီပြန်​သွားလိုက်​သည်​။

"Hk...အခုမှ​ကြောက်​​နေတာလား
Do kyungsoo"

ကျွန်​​တော့်​ကို​လှောင်​​​​နေတဲ့သူ့ကိုပြန်​မ​ပြောနိုင်
်​​သေးဘူး။ ။ မျက်​လုံးကိုလက်​ဖြင့်​အုပ်​ကာငြိမ်​​နေ
မိသည်​။ နူးညံတဲ့အနမ်းတစ်​စုံကနှုတ်​ခမ်းဆီ
ရောက်​လာပြီးလက်​တစ်​စုံကလည်​တိုင်​ကိုကိုင်​ကာ
တရှိုက်​ရှိုက်​မက်​နမ်း​နေတယ်​။ ​ကြောက်​စိတ်​အစား
ရင်​ခုန်​မှုက​တဖြည်းဖြည်​တိုးဝင်​လာသဖြင့်​ကျ​နော်
Jonginရဲ့ရှပ်​အပြာ​အကွက်​​အောက်​နားစ​လေးကို
တင်းကိုင်​ထားလိုက်​သည်​။

Dearest He(Kaisoo Yaoi)Where stories live. Discover now