Dearest He-35

566 100 25
                                    

(ZawGyi Ver)

"​မောင့်​နှလုံးသားငယ်​ကဘာဝတ်​ဝတ်
အရမ်းချစ်​ဖို့​ကောင်းတာပဲ"

"​မဟုတ်​တာ​တွေ​ပြော​ပြန်​ပြီ!!သူများ​တွေ
ကြားရင်​ရယ်​လိမ့်​မယ်​!!"

"တစ်​ကယ်​​ပြောတာ...ကျ​နော့်​အတွက်​...
ခင်​ဗျားကိုပိုင်​ဆိုင်​ရတာကံ​အ​ကောင်းဆုံး
ဆုလာဘ်​တစ်​ခုပဲ!! Do kyungsoo"

ချစ်​ရိပ်​လွှမ်း​တဲ့မျက်​ဝန်းညိုညို​တွေဖြင့်
ခေါင်းအစ​​ခြေအဆုံးကြည့်​ရင်းပြော​နေသည့်
Jongin​ကြောင့်​Kyungsoo​မျက်​နှာ​လေး
ရဲတက်​သွားသည်​။ ​ ဆေးရုံဝတ်​စုံခပ်​ပွပွရယ်​..
နေမထိထားသလိုဖြူ ​ဖျော့​နေတဲ့အသားအ​ရောင်​ရယ်နဲ့လူမမာရုပ်​ဖြစ်​​နေတဲ့ကျ​နော့်​ကိုသူမို့လို့ကဗျာ​တွေ
ွစာ​တွေနဲ့ဖွဲ့နွဲ့​နေ​သေးတယ်​။ ။
မနက်​တစ်​မနက်​လုံး​ဆေးစစ်​ထား၍
ခန္ဓာကိုယ်​ညောင်းချိလာသဖြင့်​လှဲအိပ်​ဖို့
ပြင်​​တော့သူကချက်​ချင်း​​ရောက်​လာကာ
ရင်​ခွင်​ကျယ်​ထဲသိမ်းကျုံးဖက်​ထားပြန်​၏။ ။

တစ်​​ယောက်​အိပ်​​ဆေးရုံကုတင်​မလို့
ကိုယ့်​ဘာသာကိုယ်​​တောင်​ကြပ်​ရတဲ့ကြားထဲ
သူ့ပါတက်​လာတော့ကျွန်​​တော့်​မှာ​ကျောတစ်​ခြမ်းစာ
အိပ်​ဖို့​​တောင်​​နေရာမရှိ​တော့ ။ ။နံရံနဲ့သူ့ကိုယ်​ကြားမှာ
ညပ်​​နေသည်​။ ​​လက်​မှာဆေးထိုးအပ်​​​တွေလဲ
ရှိတာ​ကြောင့်​ရုန်းလိုက်​ရင်​နာသွားမှာဆိုးသဖြင့်
ကျော​ပေးရင်းသာအိပ်​လိုက်​တယ်​။ ။

"ခင်​ဗျားကျ​နော့်​​ဘေးမှာတစ်​သက်​လုံး
ရှိ​နေ​ပေးမယ်​မလား"

အချိန်​​တော်​​တော်​ကြာမှထွက်​လာသည့်
စကားသံတိုးတိုး​လေး​ကြောင့်​Kyungsoo
လှည့်​ကြည့်​ဖို့ပြင်​​တော့Jonginကလွှတ်​​မပေး
။ ​သူ့မျက်​နှာကို​ကျွန်​​တော့်​ကျောပြင်​နဲ့ထိကပ်
ထားသည်​ ။ 

"ဒီအတိုင်းပဲ​ဖြေ​..."

ပုခုံး​ပေါ်ကစိုစွတ်​လာတဲ့အထိအ​တွေ့​ကြောင့်
Jonginငိုနေပြီဆိုတာသိပင်​မဲ့Kyungsoo
မသိချင်​​ယောင်​​ဆောင်​ရင်းခါးကိုဖက်​တွယ်
ထားသည့်​သူ့လက်​​​က​လေး​ကိုပြန်​ဆုပ်​ကိုင်
လိုက်​သည်​။ ။ 

Dearest He(Kaisoo Yaoi)Where stories live. Discover now