7

27.4K 772 5
                                    

" မင်းနဲ့ငါ sex လုပ်ခဲ့ကြသေးလား ''

ကုတင်ပေါ်မှာ ခြေထောက်ကိုတွဲလောင်းချထိုင်နေပြီး
ဆေးလိပ်ကိုတစ်ချက်ဖွာရှိုက်ရင်း ရေချိုးခန်းထဲက ထွက်
လာတဲ့ နန်စီကိုမေးလိုက်တယ် ။

ဆေးလိပ်ငွေ့တွေက သူ့မျက်နှာတစ်ဝိုက်မှာ ကလူကျီစယ်နေကြတယ် ။ နန်စီဆီက ချိုသာတာထက်ပိုတဲ့
ရွှင်လန်းနေတဲ့အပြုံးတစ်ခုကို မြင်လိုက်ရတယ် ။ ဒီအပြုံးက
တခြားလူတွေအတွက် စွဲမက်စရာဆိုပေမဲ့ သူ့အတွက်တော့
ခြောက်ခြားတုန်လှုပ်စရာကောင်းနေတယ် ။

" ညက ဂျက်က လူဆိုးလေးဖြစ်ခဲ့တာ ဟင်းဟင်း ''

နန်စီရဲ့အပြောကြောင့် ဂျက်ရဲ့ ခေါင်းတစ်ခုလုံးအုံခဲလာတယ် ။ နန်စီနဲ့သူ sex လုပ်ခဲ့ကြတာ သေချာသွားပြီ ။ ဒါဆို
ယန်ယန်ညက တစ်ယောက်ထဲအိပ်ရမှာပေါ့
သရဲကြောက်တတ်လို့ တစ်ယောက်ထဲမနေချင်တဲ့ ယန်ယန်က
တစ်ညလုံးအိမ်မှာ ဘယ်သူမှမရှိဘဲ နေခဲ့ရမှာပေါ့ ။

သူ့စိတ်တွေလေးလံလာတယ် ။ ပင်ပန်းလာတယ် ။
စိုးရိမ်စိတ် ထုထည်တွေအကုန်လုံး သူ့ရင်ထဲကို ပိကျ
လာခဲ့တယ် ။

ဒါကြောင့် ဂျက်က လက်ထဲက သောက်လက်စဆေးလိပ်ကို
ဆေးလိပ်ခွက်ထဲ ချက်ချင်းထိုးချေပြီး မီးကိုငြိမ်းတယ် ။
ကုတင်ပေါ်က အပေါ်ဖုံးလက်ရှည်ကို ဆတ်ခနဲ
ကောက်ယူပြီး ခပ်သွက်သွက်ပဲ အခန်းထဲကထွက်လာ
ခဲ့တယ် ။

မြန်ဆန်တဲ့ ခြေလှမ်းတွေရဲ့နောက်မှာ....
ဒေါသတကြိးအော်ဟစ်ပြီး မသွားဖို့ပြောနေတဲ့
နန်စီရဲ့ အော်သံတွေကို လစ်လျူရှုပြီး ယန်ယန့်ဆီ
အမြန်ရောက်ဖို့သာ ဦးတည်နေခဲ့တယ် ။

ရှည်လျားတဲ့ ခြေတဲ့တွေနဲ့ ဂျက်ရဲ့ခြေလှမ်းတွေက
ထင်ထားတာထက်ပိုမြန်နေတယ် ။
အခုအချိန်မှာ ယန်ယန့်ကို တွေ့ရမှဖြစ်မယ်... ။
ဟိုတယ် အပြင်ကိုရောက်တော့ Taxi ငှါးပြီး
အိမ်ကိုပြန်လာတယ် ။ စိုးရိမ်စိတ်ဖိတဲ့ ခံစားချက်တွေနဲ့
Taxi သမားကို ခပ်မြန်မြန်မောင်းပေးဖို့သာ
တတွတ်တွတ်ပြောနေမိတော့တယ် ။

လမ်းမတွေပေါ်မှာ ရေတွေရှိနေပုံထောက်ရင်
ညကမိုးတော်တော်သည်းခဲ့ပုံပဲ ။ မိုးခြိမ်းတဲ့အခါ
ကြောက်တတ်တဲ့ ယန်ယန်....မနေ့ညက
တော်တော်ကြောက်နေခဲ့မှာ...။ ညစာရောစားရဲ့လား...။

သိမ်မွေ့နူးညံ့သော/ သိမ်မွေ့နူးညံ့သော{ Z + U }(completed)Where stories live. Discover now