Extra

23K 627 14
                                    

မြက်ခင်းစိမ်းစိမ်းပေါ်မှာ နှင်းဆီပွင့်ဖတ်တွေက
ပန်းနုရောင်ဖျော့တော့စွာနဲ့ အလှဆင်နေတယ် ။
သင်းအုပ်ဆရာရှေ့မှာ မတ်တပ်ရပ်နေတဲ့
အသပ် ၂၅ နှစ်အရွယ် ကောင်မလေးက
ယောက်ျားတစ်ယောက်လို ပျိုမြစ်နုနယ်နေတယ် ။

ပရိတ်သတ်တွေကနည်းတယ်ဆိုပေမဲ့ အပိုဧည့်သည်ဖိတ်ဖို့
အစီအစဉ်မရှိတဲ့မင်္ဂလာပွဲတစ်ခုအတွက်တော့ ကြီးကျယ်ခမ်းနားတဲ့ ပွဲတစ်ခုဖြစ်လို့နေတယ် ။

မေဂျက်ဆန် ဆိုတဲ့ကောင်မလေးက အင်ဂျင်နီယာအလုပ်မှာ
ခေါင်းဆောင်ပိုင်းက တာဝန်ယူနေရပြီ ။
ပြီးတော့ ယန်ယန့်ကိုရောပေါ့ ။ ယန်ယန့်ကိုတာဝတ်ယူခဲ့ရတာ
၁၅ နှစ်ကထဲကဆိုတော့ သိပ်အဆန်းတော့မဟုတ်ပါဘူးလေ။

ဒီနေ့ ယန်ယန်နဲ့ သူ့ရဲ့ တရားဝင်မင်္ဂလာပွဲ...။
ဖေဖေ့လက်ကိုတွဲပြီး သူရှိတဲ့ဆီ လှမ်းလာနေတဲ့ ယန်ယန်က
လှတယ် ။ ပန်းနုရောင်ဂါဝန်လေးနဲ့ ဖျော့တော့တဲ့အင်္ကျီအရောင်ကြောင့် ယန်ယန်ဟာ
ပိုပြီးတောက်ပနေသလိုပဲ...။

သူ့မျက်လုံးထဲမှာတော့ ယန်ယန်ကအမြဲတမ်းလှတယ်။
သူ့အနားရောက်လာချိန်မှာ ပြုံးရွှင်နေတဲ့ ယန်ယန့်မျက်နှာက
ပိုပြီးရွှင်လန်းလာသလိုပဲ ။ ဒါကိုပဲသူ့မှာချစ်ရတယ် ။

ဂျက် ယန်ယန်ရဲ့လက်ကိုဆုပ်ကိုင်လိုက်တယ် ။
သင်းအုပ်ဆရာက ကတိကဝတ်တွေကိုရွတ်ဆိုပြတယ် ။
အပြန်အလှန်ကတိပြုပြီးနောက်မှာ သူတို့နှစ်ယောက်ရဲ့
နှုတ်ခမ်းတွေ ထပ်တူကျသွားကြတယ် ။

ကောင်းချီးမင်္ဂလာတွေပြည့်နေတဲ့ပွဲကလေးဟာ.
သူတို့်ထင်တာထက်ပိုပြည့်စုံလို့နေတယ် ။ ဓာတ်ပုံတွေ
ရိုက်ပြီး အမှတ်တရတွေချန်ကြတယ် ။ ပန်းတွေကြဲကြတယ်။
အကြီးစားကိတ်မုန့်ကို ခွဲပြိး အတူဝေမျှစားကြတယ် ။

တကယ်ကိုပျော်စရာကောင်းတဲ့နေ့လေးပဲ ။
ချစ်တဲ့လူနဲ့ ပေါင်းဖက်ရတဲ့အခါ အတိုင်းမသိဝမ်းသာကြတယ်။
ဒါပေမဲ့ အချိန်ကြာလာတဲ့အခါ အဆင်မပြေမှုတွေ
ငြူစူမှုတွေရှိလာကြတယ် ။

ဒီလိုအဖြစ်တွေမကြုံရဖို့ ယန်ယန်ကြိုးစားဖို့ ဆုံးဖြတ်ထားတယ် ။ မေဂျက်ဆန်ဆိုတဲ့ ကောင်မလေးဆီမှာ
ဘဝကိုပုံအပ်ရင်း ပျော်ရွှင်စွာနေထိုင်သွားဖို့ဆန္ဒရှိတယ် ။

You've reached the end of published parts.

⏰ Last updated: Jul 27, 2020 ⏰

Add this story to your Library to get notified about new parts!

သိမ်မွေ့နူးညံ့သော/ သိမ်မွေ့နူးညံ့သော{ Z + U }(completed)Where stories live. Discover now