Born To Die 7

621 76 8
                                    

Unicode

သူ့နောက်ကိုလိုက်လာတဲ့ခြေလှမ်းတစ်စုံ
အသိစိတ်တို့ရှိနေချိန်မှာ
လာပက်သတ်မိတဲ့လူကတော့
သေမင်းနဲ့ခရီးသွားရမယ့်လူပဲ..

မှောင်ခိုပစ္စည်းတွေလုပ်တဲ့ နေရာကို
သွားရတဲ့လမ်းကြားလေးထဲကို
ChanYeolအလုပ်ကိစ္စနဲ့ရောက်လာတယ်
ဆိုကာမှ နောက်ကလိုက်လာတဲ့
ဘာမှန်းမသိတဲ့ခြေလှမ်းက သူ့လက်စာမိတော့မှာ
အမှန်ပဲ..

ကျဉ်းမြောင်းပြီးမှောင်နေတဲ့
လမ်းကြားမှာ သူ့အနောက်က လူကို
နောက်ပြန်လှည့်ပြီး ထိုလူရဲ့လက်ကို ချုပ်ကာ
နံရံကိုပိတ်ကပ်ပလိုက်သည်...

"မင်းဘယ်သူလဲ!! ဘာကြောင့်ငါ့နောက်ကို
လိုက်နေတာလဲ!!

အဝါရောင်မီးပြပြသာရှိတဲ့
လမ်း ကြားလေးမှာ ထိုလူရဲ့လည်ပင်းထက်က
အနုမြူ စိမ်းရောင်တောက်လာတဲ့
နဂါးတက်တူး ပုံကြောင့်
ချုပ်ထားတဲ့ လက်တို့ပြေလျော့ သွားစေနိုင်အောင်
တစ်ကိုယ်လုံးတောင့်ခဲသွားခဲ့သည်..

"လန့်သွားလား hk...

" မင်းဘာလို့ငါ့ ကိုအေးဆေးပေးမနေတာလဲ..

ချုပ်ထားတဲ့  chanyeol ရဲ့
လက်အစုံကိုYifanဖယ်ချပြီး
ခဏတာကြေတွန့်စေတဲ့ အိကျႌ​ကိုပြန်ပြင်လိုက်သည်

"ပြောပြီးသားပဲအစကတည်းက
မင်းသေမှ ငါ ရပ်တန့်မှာလို့..
ဒါပေမယ့် မင်းကို အခုတော့မသတ်သေးပါဘူး..

Black magicပညာရပ်ကိုလေ့လာပြီး
လူတွေကိုလိုက်သတ်နေတဲ့
Toxicဂိုဏ်းအဖွဲ့ကို chanyeol
သိသင့်သလောက်သိပေမယ့် ဘယ်လိုတွေ
လူသတ်လဲဆိုတာ chanyeolလုံးဝမသိ..

"ဝေးဝေးနေပါ မင်းနဲ့ငါ့ရဲ့ရန်ညှိုးလဲပြေပြီ..

chanyeolရဲ့စကားကို Yifan တစ်ယောက်
ခါးတစ်ဖက်ထောက်ကာ အားပါးတရရယ်မောမိသည်

"ဟားဟားဟား..အခုမှသတိရတယ်
WangEunဆိုတဲ့ကောင်လေးကိုသတ်လိုက်ရတာ
အရသာရှိလိုက်တာကွာ...

"မင်း..$ပါးစပ်ပိတ်ထားစမ်း!!!!

နှလုံးသားကိုထိုးနှက်လာတဲ့
စကားတစ်ခွန်းကြောင့် Yifanရဲ့
ကော်လံစံကိုဆွဲမကာ ခေါင်းကိုသေနတ်ဖြင့်
chanyeolထောက်ထားလိုက်သည်..

Born To DieTempat cerita menjadi hidup. Temukan sekarang