Born To Die 11

478 65 2
                                    

Unicode

လူတွေမှာအဆုံးသတ်တစ်ခုစီရှိကြတယ်တဲ့
ကိုယ်လဲလူပဲကိုယ်အဆုံးသတ်သွားရင်တောင်
မင်းကိုချစ်နေတဲ့ခံစားချက်က
အဆုံးသတ်မရှိဘူးထင်ပါတယ်

"baekhyun က ဒီကိုမလာတော့ဘူးနော်
ဟို ဘဲကြီးနဲ့ပဲနေနေတယ်ထင်တယ်

"သူကချစ်မိသွားလို့နေမှာပေါ့
နားလည်ပေးလိုက်ပါ..

KyungSooဒီရက်ပိုင်းအတွင်းသိပ်ဘဝင်မကျဘူး
ဘဏ်ဖောက်မယ် ရွှေတွေ လိုက် ခိုးမယ်
သူခေါင်းစားခံပြီးစဉ်းစားထားတာ
အများကြီးပဲ တစ်ကယ်လုပ်ပြီဆို
baekhyunတို့ကပေါ်မလာတော့ဘူး
အခုလဲ ပျင်းစရာ Suho hyungနဲ့
အိမ်ကြီးကတိတ်ဆိတ်နေကော..

"Hyungကျနော် အပြင်သွားအုံးမယ်

"Yrr မိုးမချုပ်ခင်ပြန်လာခဲ့နော်..

တိတ်ဆိတ်နေတဲ့အိမ်လေးကနေ
ဆိပ်ကမ်းဘက်နားထွက်လာခဲ့တယ်
လေလေးကလဲတစ်ဖြူးဖြူးနဲ့
အနားမှာဘယ်သူမှမရှိတာကြီးက
တအားအထီးကျန်လွန်းလို့ရူးချင်မိတယ်..

"သဘောကျလိုက်တာ..

သူ့ဘေးကိုရောက်လာတဲ့
သူသဘောကျမိတဲ့အသံပိုင်ရှင် black Suit နဲ့
Jongin . KyungSoo ပြုံးမိသည်
ထိုဆွဲဆောင်မှုရှိတဲ့ လူက သူတစ်ယောက်ထဲ
ဖြစ်နေချိန်ဆိုရောက်လာတတ်လို့

"မျက်နှာမကောင်းပါလား ..ဘာလို့လဲ?

ပြီးတော့သူကအရိပ်အကဲလဲသိတတ်လို့
KyungSooတစ်ကယ်သဘောကျမိသည်

"baekhyunပေါ့ သူကဒီအုပ်စုထဲကပျောက်နေတာ
တစ်လရှိပြီ..

ပင်လယ်ကြီးကိုကြည့်ပြီး
သက်ပြင်းချလိုက်တဲ့ kyungsoo

"သူက သူချစ်တဲ့ လူနဲ့အတူရှိပြီးပျော်ရွှင်နေပါတယ်.

"အင်းသိပါတယ်..

ဒီတစ်ခါတော့ပင်လယ်ကြီးကိုကြည့်မယ့်အစား
ခေါင်းငုတ်ပြီး ခြေထောက်အောက်ကသဲတွေကို
အဓိပ္ပာယ်မဲ့စွာ kyungsoo ကြည့်နေသည်

Kyungsooဒီလိုဖြစ်နေသည်ကို JongIn
သဘောမကျ သူကိုယ်တိုင်ကလဲ အထီးကျန်လွန်းသည်

အရင်က chanyeolနဲ့ဆို တိုင်ပင်ဖော်တိုင်ပင်ဖက်
ရှိပေမယ့် chanyeolကလဲ baekhyun
အနားပဲကပ်နေတော့ သူနဲ့ kyungနဲ့က
ဘဝချင်းထပ်တူညီမိနေတယ်လို့ထင်မိလေရဲ့

Born To DieOpowieści tętniące życiem. Odkryj je teraz