Born To Die 10

473 68 1
                                    

Unicode
သိပ်ချစ်တတ်လွန်းတဲ့အဆုံးသတ်က
စုတ်ပြတ်သတ်အောင်ခံစားရစေတာပဲ..

Born To Die

"baekhyunရောက်နေတယ်

"လွှတ်လိုက်

ကြီးမားတောက်ပြောင်နေတဲ့ အိမ်ကြီးရဲ့အလယ်မှာ
ဘုရင်တစ်ပါးလိုထိုင်နေတဲ့ Yifan
သူခြေချရာမှန်ကြမ်းပြင်ထဲမှာ မွေးထားတဲ့
ငမန်း နှစ်ကောင်..
Toxic ဂိုဏ်းသားတွေဟာ
သူ့ရှေ့မှာဒူးထောက်ခြံရံကာ ခေါင်းဆောင်ဖြစ်သူကို
ဖန်ဆင်းရှင်သဖွယ် ကိုးကွယ်ကြတယ်

"မလာစဖူး ဘာလို့ရောက်လာတာတုံး?

"ကျနော်ဟိုးနေ့ကပြောတယ်လေ ကျနော့်ချစ်သူနဲ့
မိတ်ဆက်ပေးချင်လို့ အဲ့တာ ဘယ်နေ့တွေ့မလဲ
လာတိုင်ပင်တာ..

"အော် ..ငါက အမြဲအားနေတဲ့လူမဟုတ်ပေမယ့်
ကိုယ့်ညီလေးရဲ့ကောင်လေးဆိုတော့ တွေ့ရမှာပေါ့..

"Hyungဘာလို့ အိမ်ရဲ့ password
ပြောင်းလိုက်တာလဲ?

"ရန်သူတွေပေါတာကိုး..

"ငမန်းစာကျွေးလိုက်ပေါ့...

baekhyun ကသူ့ခြေထောက်အောက်က
မှန်ကန်ထဲမှာကူးခတ်နေတဲ့ငမန်း နှစ်ကောင်ကို
ကြည့်ရင်းပြောသည်

"မင်းပြောမှသတိရတယ် ခေါ်လာခဲ့စမ်း!!

တစ်ချက်လွှတ်အမိန့်နဲ့အတူ ဂိုဏ်းသားတွေ
ဆွဲခေါ်လာတဲ့ လူတစ်ယောက်..

"ဟင်..

ထိုလူဟာတစ်ခြားလူမဟုတ် Mr Park ရဲ့
Driver Joe ဆို သည့်လူဖြစ်သည်

Mr Joeဟာသူ့ကို အံသြစွာနဲ့
ကြည့်နေပြီး မျက်နှာမှာလဲ ထိုးနှက်ခံရလွန်းလို့
သွေးအလိန်းလိန်းနှင့် ရုပ်ပျက်နေသည်

"သူ..သူက ဘယ်သူလဲ..

"ရန်သူရဲ့ ကျွန်လေ..

"ရန်သူ?

Yifan hyung ရဲ့ ရန်သူတော်တော်များများ
ကိုသူ အမြဲနှိမ်နင်းပေးခဲ့ဖူးပါသည်
အခုပြောလာသည့်ရန်သူ က သူထင်နေသလိုများ..

"ဒီကျွန်က သူ့သခင်မသေခင်အရင်သေရမှာ..

ဒီလောက်ဆိုသူသိလိုက်ပြီ ရန်သူဆိုတဲ့လူကို..
Mr joeဟာသူ့ကို ကယ်ပါအုံးဆိုတဲ့အကြည့်ဖြင့်
ကြည့်ရှာသည် မျက်ဝန်းတို့ဖြင့်အသားနားခံသည်
သို့သော် သူ့အား မသိစေ လိုသဖြင့် မျက်ရိပ်မျက်ကဲ
ပြန်ပြလိုက်တဲ့အခါ Mr Joe ဟာ ကျွန်ပီသစွာ
ခေါင်းငုံလျှက် အပြစ်ပေးချင်းကိုခံယူတော့မည်

Born To DieWhere stories live. Discover now