|| Love is start ||

9.5K 540 46
                                    

Zawgyi

ခင်ဗျားတို့သိကြလား!!
ကျွန်တော့်ကောင်လေးက အရမ်းချောတာ ။
တစ်နေ့တစ်နေ့ သူချောနေတာနဲ့ပဲကျွန်တော့်မှာ အမြဲစိတ်မချနိုင်ဖြစ်နေရတာ ။

ဒီကောင်လေးနဲ့ မတွေ့ခင်တုန်းက
လူတိုင်းအပေါ်မှာ
အမြဲတမ်း အေးတိအေးစက်နဲ့ ဆက်ဆံတတ်တဲ့ Xian Group ရဲ့ CEO ရှောင်ရှောင်းကျန့်က
အသည်းနှလုံးမရှိတဲ့သူလို့လည်း နာမည်ကြီးသေးတယ် ။

ကိုယ်တိုင်လည်းနွေးထွေးမှုတွေမရရှိခဲ့တဲ့
ရှောင်းကျန့်ကဘယ်သူ့ကိုမှလည်းနွေးထွေးမှုပေးဖို့ဆန္ဒလည်း ဘယ်သောအခါမှမရှိခဲ့ဖူးဘူး ။

အဲ...
ဂျစ်တစ်တစ်ချာတိတ်လေးတစ်ယောက်နဲ့မတွေ့ခင်တုန်းကပေါ့ ။

ရှောင်းကျန့်နေတဲ့အရင်အိမ်နဲ့ခြံက အချက်အချာကျတဲ့ ဖြတ်လမ်းဖြစ်နေတာကြောင့် တစ်နေ့တစ်နေ့ ကားသံတွေပဲကြားနေရတဲ့ရှောင်းကျန့်အတွက် အလုပ်ကိုအိမ်ကိုသယ်လာပြီးလုပ်ရင်
ကြာကြာ အာရုံမစိုက်နိုင်တာကြောင့် ဆိတ်ငြိမ်ရပ်ကွက်ဖြစ်ပြီး အိမ်ကြီးအိမ်ကောင်းတွေချည်းပဲရှိတဲ့ အတော်လေး အေးချမ်းနှစ်လိုဖွယ်ကောင်းတဲ့ ဒီရပ်ကွက်လေးကိုပြောင်းလာခဲ့တာ ။

ရှောင်းကျန့်က ညဘက်အလုပ်တွေပြီးရင်
အပေါ်ထပ်ဝရံတာဘက်မှာ ထိုင်ရင်း လေညှင်းအေးမြမြတွေကို ခံယူရင်း စိတ်ဖိစီးမှုတွေကိုဖြေဖျောက်လေ့ရှိတယ် ။

အဲ့ဒီညက
ရှောင်းကျန် ဘေးချင်းကပ်ခြံကျယ်ကြီးကို ဘာရယ်မဟုတ်အကြည့်ရောက်မိတော့ လင်းထိန်နေတဲ့ အိမ်ကြီးရဲ့ဝရံတာဘက်မှာ လက်နှစ်ဖက်ကိုဆန့်တန်းပြီး တိုက်ခတ်နေတဲ့ လေပြည်လေညှင်းတွေကိုခံယူရင်း အားရပါးရပြုံးနေတဲ့ကောင်လေးက အရမ်းလည်းလှသလို အရမ်းလည်းချစ်စရာကောင်းတာကြောင့် ရှောင်းကျန့်ရဲ့ ၂၈နှစ်အရွယ်အထိ
ဘယ်သူမှဝင်မရအောင်သော့ခတ်ထားတဲ့နှလုံးသားလေးက ပထမဆုံးလှုပ်ရှားလာခဲ့တယ် ။

ကောင်လေးက အရမ်းကိုလှတယ် ။ မိန်းကလေးတွေ သမင်လည်ပြန် ဇက်ပြုတ်ထွက်အောင် ငေးယူရမဲ့ ပြစ်မျိုးမှဲ့မထင်အလှလေး ။

ယောက်ျားလေးတစ်ယောက်ကိုလှတယ်လို့ သုံးတာက ရိုင်းချင်ရိုင်းနိုင်ပေမဲ့ ခင်ဗျားတို့လည်း သူ့ကိုတွေ့ရင် ကျွန်တော်ပြောတာကို ဇက်ပြုတ်မတတ်ခေါင်းညိတ်ပြပြီး
ထောက်ခံမှာသေချာတယ် ။

MY BOYFRIEND'S JEALOUSYWhere stories live. Discover now