|| Family Meeting ||️

3K 307 54
                                    

Zawgyi

" ကိုကို ကျွန်တော့်ကိုဒီနေ့ညဈေးတန်းလိုက်ပို့ "

တနင်္ဂနွေနေ့ရဲ့ဝေလီဝေလင်း
အချိန်လေးမှာဘေးချင်းကပ်ရပ်အိမ်နှစ်ခုရဲ့
ဝရံတာအသီးသီးမှာမျက်နှာချင်းဆိုင် ထိုင်နေကြတဲ့ ကောင်လေးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ဖုန်းတစ်လုံးနဲ့စာတွေအပြန်အလှန် ပို့ကာ အလုပ်ရှုပ်နေကြသည် ။

မနက်၎နာရီလောက်ကြီး ဝမ်ရိပေါ်ဆီ ဖုန်းဆက်ကာ 'လွမ်းလို့လသာဆောင်ဘက်ထွက်ခဲ့ပါလား'လို့ ပြောလာတဲ့သူကြောင့် အိပ်ရေးအပျက်ခံကာ လသာဆောင်ဘက်ထွက်ထိုင်နေရပြီး ဖုန်းကိုယ်စီနဲ့ စာတွေသာအပြန်အလှန်ပို့နေကြတာဖြစ်သည် ။

တကယ်တော့မနေ့က လျှောက်လည်တာကို
ည၈နာရီလောက်မှ အိမ်ပြန်ပို့ပေးတဲ့အပြင်
မိန်းကလေးတွေ သူ့ကိုငမ်းတဲ့ အချိန်တိုင်း လူလည်ခေါင်မှာခဏခဏအနမ်းခံနေရတာကြောင့် အတော်လေးရှက်နေကာ စိတ်တိုနေပေမဲ့ သူ့ကိုဒီလိုအချိန်ကြီး ဖုန်းဆက်ကာ လေသံအေးအေးလေးနဲ့ ပြောလာတဲ့သူကြောင့် စိတ်ကအလိုလိုပျော့ကာ လသာဆောင်ဘက် ရောက်သွားတော့ မြင်လိုက်ရတဲ့ သူ့ရည်းစား ရှောင်းကျန့်ကိုကိုရဲ့ မျက်နှာနုနုချောချောလေးကြောင့် ခုနက တွေ့တာနဲ့ စိတ်ဆိုးဟန်ဆောင်မယ် ဆိုတဲ့ အတွေးကလည်း ကြက်ပျောက်ဌက်ပျောက်ပင် ။

" Honey Babyက သွားချင်ရင် ကိုကိုလိုက်ပို့ပေးမှာပေါ့ "

" ဒါနဲ့လေ မနက်ဖြန်
ထမနှစ်ကျောင်းသားတွေအကုန်လုံး ဆေးရုံကြီးကိုသွားပြီး practical
သဘောမျိုး လေ့လာရမှာ
ကျွန်တော့်ကိုလာမကြိုနဲ့တော့ "

" Babyကိုစိတ်မချဘူး ကိုယ်ပဲလာကြိုမယ် "

" ဘယ်အချိန်အထိဆိုတာ
ကျွန်တော်လည်းသေချာမသိဘူး "

" ကိုယ်စောင့်နိုင်ပါတယ် "

" ပြီးရောလေ အဆင်ပြေရင်ပြီးတာပဲ "

" ဒါနဲ့Honey Babyလေး အောက်ဆင်းလာလို့မရဘူးလား "

" အခုမှမနက်၅နာရီပဲရှိသေးတယ် အိမ်ရှေ့တံခါးကိုအမေကသော့ခတ်ထားတယ်လေ ကျွန်တော်ကဘယ်လိုဆင်းလာရမှာလဲ "

MY BOYFRIEND'S JEALOUSYWhere stories live. Discover now