|| Love Will Find A Way ||

3.6K 345 50
                                    

[ Zawgyi ]

" အတွဲချောင်းတယ်ဆိုပေမဲ့ ပါးတို့ကစည်းတော့ရှိတယ် "

" ဘယ်လိုစည်းလဲ "

" သူတို့မမြင်တဲ့နေရာမှာချောင်းရမယ် ထင်သာမြင်သာရှိတဲ့နေရာတွေမှာမချောင်းရဘူး တစ်ခါတစ်လေတော့ပါးကသစ်ပင်ပေါ်တက်ရင် ဝမ်ယွဲ့ကသစ်ပင်အောက်မှာထိုင်သလိုလိုနဲ့ အတွဲချောင်းတယ် "

" အာ အဲ့လောက်ကြီးမရှင်းပြလည်းရပါတယ် ပါးရာ "

" ဒီလိုလိင်တူစုံတွဲတွေကို ပါး ပထမဆုံး စိတ်ဝင်စားသွားတာက ဝမ်ယွဲ့ကြောင့်ပဲ "

" ဗျာ ဝမ်မားက "

" ပါးတို့ တက္ကသိုလ်တက်တော့ ဝမ်ယွဲ့နဲ့ပါးကမေဂျာအတူတူ အခန်းအတူတူပဲ အခန်းထဲမှာ ပါးတို့နဲ့ခင်သွားတဲ့ နောက်ထပ် ယောက်ျားလေးနှစ်ယောက်လည်းရှိတယ် "

" .... "

" သူတို့နှစ်ယောက်က အချင်းချင်းကြိုက်နေကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက်တွေ့တာနဲ့ ရှက်ပြီး မျက်နှာတွေနီရဲပြီး တလွဲတွေလုပ်တာနဲ့တင် သူတို့ဆက်ဆံရေးကရှေ့ကိုမရောက်နိုင်တော့ဘူး ပါးကမရိပ်မိပေမဲ့ ဝမ်ယွဲ့က ရိပ်မိနေတာနဲ့ ပါးကိုပါ သူနဲ့အတူအောင်သွယ်ပေးဖို့မဲဆွယ်တာနဲ့ အောင်သွယ်ဖို့ဖြစ်လာတာပဲ "

" သူတို့ကဘယ်သူတွေလဲပါး "

" ဟုတ်သားပဲ ပါးပြောဖို့ကျန်သွားတာ
သူတို့နာမည်တွေက လန့်ကျန့် နဲ့ ဝေ့ရင်း "

ပါးပြောလိုက်တဲ့ နာမည်တွေကို ရှောင်းကျန့် ရင်းနှီးသလို ခံစားရပေမဲ့ ဖြစ်မှမဖြစ်နိုင်တာ ။ သူ့အသိထဲမှာ လည်း အဲ့လိုနာမည်မရှိဘူး ။

" လန့်ကျန့်က အရမ်းဆိုးတာ မိန်းကလေးတွေ ထည်လဲတွဲတတ်တဲ့ပုံစံမျိုး ဘယ်သူ့ကိုမှလည်း ဂရုမစိုက်ပဲ တစ်ယောက်ထဲသီးသန့်နေ နေတတ်တယ် ။ အခုခေတ်အခေါ်အဝေါ်နဲ့ဆိုရင်တော့ Playboyပေါ့ ရန်ပွဲဆိုတိုင်းသွားမကြည့်နဲ့ လန့်ကျန့်မပါမဖြစ်ပဲ
ဝေ့ရင်းကတော့ စကားအပြောအဆို အမူအရာက အစ သိမ်မွေ့ပြီး ချိုသာလွန်းတယ် ဝမ်ယွဲ့တောင် အစတုန်းက ဝေ့ရင်းမှဝေ့ရင်းဖြစ်နေတာလေ "

" ဝမ်မားက ဝေ့ရင်းကို ကြိုက်တာလား "

" ငါ့သားရာညံ့ပါ့
ဝေ့ရင်းကို ကြိုက်တယ်ဆိုပေမဲ့ သူဖန်သားနန်းတော်ထဲ ရောက်နေပြီဆိုတာ ရိပ်မိလို့ အမြန်တပ်ဆုပ်ပြီး အောင်သွယ်ပေးတာပေါ့ "

Yayımlanan bölümlerin sonuna geldiniz.

⏰ Son güncelleme: Jul 17, 2020 ⏰

Yeni bölümlerden haberdar olmak için bu hikayeyi Kütüphanenize ekleyin!

MY BOYFRIEND'S JEALOUSYHikayelerin yaşadığı yer. Şimdi keşfedin