|| His Jealousy🍓 ||

3.7K 386 84
                                    

Zawgyi

ရိပေါ်ကိုတွေ့ချင်လို့သာ ခြံထဲဝင်လာခဲ့ပေမဲ့ ရိပေါ်မိဘတွေက သူတို့နှစ်ယောက်ရဲ့ အခြေအနေကိုမသိတာကြောင့် ခြံထဲဝင်ပြီးလို့
အိမ်ရှေ့ရောက်ခါမှ Bellတီးဖို့ကို ရှောင်းကျန့်တွန့်ဆုတ်နေမိသည် ။

ရိပေါ်စိတ်ကောက်နေလို့လာချော့တာလို့ပြောရမလား ။ သူ့ကိုလမ်းခွဲစကားပြောပြီးထွက်သွားလို့ လာတောင်းပန်တာလို့ပဲပြောရမလား ? မဟုတ်သေးပါဘူး အဲ့လိုဆို သူတို့နှစ်ယောက်ကရည်းစားတွေမှန်းသိသွားမှာပေါ့ ။

ရိပေါ်ကဖွင့်မပြောခိုင်းမချင်း
သူကရိပေါ်မိဘတွေကို သူတို့နှစ်ယောက်အကြောင်း မပြောသေးဘူးလို့ပဲစဉ်းစားထားတာကြောင့် ဘယ်လိုဆင်ခြေပေးရမယ်မှန်းစဉ်းစားမရတဲ့ ရှောင်းကျန့်ကလှည့်ပြန်ဖို့ကိုပဲတွေးတယ် ။

" သားရှောင်းကျန့် "

ခြံပြင်ရောက်ခါနီးမှ အနောက်ကခေါ်သံကြောင့်လှည့်ကြည့်မိတော့ ရိပေါ်ရဲ့မားက ရှောင်းကျန့်ကိုပြုံးပြီးလှမ်းခေါ်နေတာကြောင့် စိတ်ထဲတစ်မျိုးဖြစ်နေသော်လည်း ရိပေါ်ကိုတွေ့ချင်နေတာကြောင့် အာရုံမထားတော့ပဲ ပြန်လည်ပြုံးပြကာအနားကိုသွားလိုက်သည် ။

" အာ ရိပေါ်မား "

" ရိပေါ်လေးဆီကိုလာတာလား ဝင်ခဲ့ရောပေါ့ကွယ် သားညီလေးမနေ့က ကျောင်းကပြန်လာကတည်းကအပေါ်ထပ်တက်သွားတာအခုထိဆင်းမလာသေးဘူး ညစာလည်းဆင်းမစားဘူး ကျောင်းမှာတစ်ခုခုဖြစ်ခဲ့လို့များလားကွယ် "

" ဗျာ အဲ့ အဲ့တာကလေ "

" သားတစ်ခုခုများသိထားလို့လား "

" မဟုတ်ပါဘူး ရိပေါ်နေမကောင်းလို့ထင်တယ် ကျွန်တော်သွားကြည့်လို့ရမလား "

" ရတယ်သားရှောင်း ရိပေါ်အခန်းကအပေါ်ထပ်လှေကားကိုတက်သွားရင်တွေ့တွေ့ချင်းအခန်းပဲ "

" ဟုတ်ကဲ့ ကျေးဇူးအန်တီ "

" အေးအေး "

ရှောင်းကျန့်အိမ်ထဲဝင်သွားတာသေချာတော့မှ ဝမ်မားပြုံးလိုက်ကာ လက်ကိုင်အိတ်ထဲမှဖုန်းကိုယူပြီး
နံပါတ်တစ်ခုကိုနှိပ်ကာခေါ်ဆိုလိုက်သည် ။

MY BOYFRIEND'S JEALOUSYWhere stories live. Discover now