Part 7

2.8K 289 13
                                    

"အဲ့ဒါက ငါ့ကျွန်လုပ်လေ"

"ဘာ!!!!"

"Ar...စကားပြော ရိုင်းသွားပေမယ့်
အဓိပ္ပါယ်တူတူပဲလေ "

"ငါမလုပ်ပေးနိုင်ဘူး"

"Okey... ရပါတယ် ငါကလဲ အတင်းလုပ်ပါပြောနေတာမဟုတ်ပါဘူး...ဒါပေမယ့် သိတယ်မလား? မလုပ်ဘူးဆိုလဲ ပြန်တော့လေ"

"......"

"Wae...ဘာတွေ ဒီလောက်တွေးနေတာလဲ"

"ငါ...ငါလုပ်ပေးမယ်"

"Hummm...ဘာကိုလဲ"

Jennie သိရဲ့နဲ့မေးလိုက်တယ်

"ငါ...ငါ...ငါ..."

Jisoo စကားတွေထစ်ပြီး ပြောမထွက်ဘူး

"ဟင့်အင်း မလိုတော့ဘူး"

"Hummm"

"နင်က ငါ့ညီမကို သတ်ခဲ့တဲ့ သူပဲ အခွင့်ရေး ဆိုတာ မရှိသင့်ဘူး...
နင်တောင် ငါ့အတွက် အရမ်း အရေးပါတဲ့ သူကိုသေအောင်လုပ်သေးတာပဲ
ငါလဲ နင့်ရဲ့ အရေးပါတဲ့သူကို..."

"သူနဲ့ ဘာမှ မဆိုင်ပါဘူး...ကျေးဇူးပြုပြီး သူ့ကို မထိပါနဲ့...ငါ...ငါလုပ်ပေးမယ် နင့်ကျွန်.. အဲ့ဒါကြောင့် သူ့ကိုတော့ ပြဿနာထဲ ဆွဲမထည့်ပါနဲ့...
ငါတောင်းပန်ပါတယ် "

"အဲ့ဒါဆို နင်ဒူးထောက်ပြီး တောင်းဆို
Im jennie ရဲ့ ကျွန်ဖြစ်ပါရစေလို့"

"ရှုံးနေတုန်းပဲလား...အခုချိန်ထိ ရှုံးနေရတုန်းပဲလား ဘာလို့ ဒီဘဝကြီးမှာ မွေးလာရတာလဲ...ငါသေချင်လာပြီ
အရှက်ဆိုတာ ဘာမှန်းတောင် မသိတော့ဘူး"

Jisoo ကျွန်ဖြစ်ဖို့အတွက်တောင်
ဒူးထောက်ပြီး တောင်းပန်ရမယ့် ကိုယ့်ကိုယ်ကို အရမ်း စိတ်ပျက်မိတယ်

အဲ့လို မလုပ်ရင်လဲ သူ့ဘဝတင် မဟုတ်ဘူး lisa ကိုပါ ထိခိုက်အောင် လုပ်တော့မှာသိနေတယ်

Jisoo ကြမ်းပြင်နဲ့ သူ့ဒူးလေးတွေကို ထောက်လိုက်ပြီး

"ကျေးဇူးပြုပြီး Im Jennie ရဲ့ ကျွန်ဖြစ်ခွင့်ပေးပါ "

"Hahahaha..."

ကျယ်လောင်သံရယ်သံတစ်ခု

လှောင်ရယ်နေတယ်...jisoo နင်ဘာတက်နိုင်သေးလဲ ဆိုတဲ့ ရယ်သံတွေက
Jisoo ကို အကြိမ်ကြိမ်ပြိုလဲ စေတယ်

About Where stories live. Discover now