Part (1)

19 2 0
                                    

'သမီး သမီးကြီးလာရင် အိမ်ထောင်ပြုမှာလား ' ဟု
အရုပ်မလေးဖြသ့်ထိုင်ဆော့နေသော ဆယ်နှစ်နှစ်အရွယ် 'မြပန်းပွင်ဖြူ' လေးကိုသူမအမေက မေးလိုက်သည်။

'ဟုတ် မေမေ သမီးကြီးလာရင် သမီးတို့မိသားစုလိုအရမ်းပျော်စရာကောင်းတဲ့ မိသားစုလေးလိုချင်တယ်မေမေ ' ဟု ကလေးစိတ်ကူးအတိုင်း ဖြေလိုက်ရာ

'တိတ်စမ်း ပွင့်ဖြူ အိမ်ထောင်ပြုတယ်ဆိုတာ ကောင်းတာတစ်ခုမှမရှိဖူး နင့်ရဲ့လွတ်လပ်ခွင့် ၊ ရပိုင်ခွင့်တွေ အကုန်ဆုံးရှုံမှာ ဒီကြားတဲ့ လူရွေးမှားရင် ညည်းဒူးနဲ့မျက်ရည် တစ်သတ်လုံးသုတ်ရမှာ ဒီတော့  ဘယ်တော့မှ အိမ်ထောင်မပြုပါနဲ့သမီးရယ် သမီးလိမ္မာရင် မေမေတို့ပိုင်ဆိုင်သမျှသမီးလေးအတွက်ပဲဖြစ်မှာ ' ဟု ပွင့်ဖြူရဲ့မိခင် ဒေါ်မိမိခင် က ယောကျားမုန်းတီးရေးဝါဒီတွေ ရိုက်သွင်းခဲ့လေသည်။

ဒီလိုနဲ့ ပွင့်ဖြူတစ်ယောက် ဘွဲ့ရချိန်အထိ ယောက်ကျားများနှင်းဝေးဝေးနေခဲ့သည် ။

"ပင်ကီရေ ပင်ကီ .....လာပါအုံး ဘယ်တွေရောက်နေလဲဝေ " ဟု ပွင့်ဖြူတစ်ယောက်သူမ၏ အချစ်တော်ခွေးလေး ပင်ကီအားအိမ်အနှံ့လိုက်ရှာနေ၏။
ကြီးမားလွန်းလှသောအိမ်ကြီးအတွင်း ပုန်းနေသူပင်ကီလေးအား ပွင့်ဖြူရှာတွေ့သွား၏။သို့သော်
"ဟယ် ပင်ကီအစာတွေလဲကုန်အောင်မစားထားဖူး ပင်ကီပင်ကီ ..." သူမ လှုပ်နှိုးသော်လည်း ပင်ကီမှာ မလှုပ်မရှားရှိနေ၏။
ပွင့်ဖြူတစ်ယောက် သူမချစ်သောပင်ကီ နိှုးမရ၍အလွန်လန့်သွားသည်။ ထို့ကြောင့် တိရစ္ဆာန် ဆေးခန်းသို့ သူမဒုန်းစိုင်း၍ရောက်လာတော့သည်။
*....*....*...*...
"သူ့ကို ကျနော်ပြောတဲ့အတိုင်း မတည့်တဲ့အစာတွေမကျွေးမိပါစေနဲ့ ပြီးတော့သူ့အစာကိုသေချာလေးရွေးပေးပါ နှစ်ရက်လောက်နေလို့မသက်သာရင် ပြန်လာခဲ့ပါ" ဟု ဆေးခန်းအတွင်းရှိ ဆရာဝန်က ဆေးစာရေးရင် နှုတ်ကဆောင်ရန်ရှောင်ရန်တချို့ကို ခွေးပိုင်ရှင်အားမှာကြားလိုက်သည်။
ခွေးပိုင်ရှင်အမျိုးသမီးက
"နေ့တိုင်းရောလာလို့မရဖူးလာဆရာရဲ့ ဟိဟိ "ဟု
မထိတထိပြောသဖြင့် ဆရာဝန်ဖြစ်သူအနေခက်သွားကာ
"ဗျာ..."ဟူ၍သာပြန်ဖြေနိုင်သည်။

The SunsetWhere stories live. Discover now