Part(3)

6 1 0
                                    


သို့နှင့် ပွင့်ဖြူတစ်ယောက်ရှက်ရှက်နှင့် ဘုရားဝတ်ပြုပြီးငါးစာကျွေးသည့်တိုင် စကားတစ်ခွန်းမျှမပြောတော့ချေ။
ဤသည်ကိုသိသော ညဏ်စစ်သွေးက ပွင့်ဖြူအနေခက်မည်ဆိုးသဖြင့်
"ပွင့်ဖြူ ဘာမွေးနေ့လက်ဆောင်လိုချင်လဲ "

"လိုချင်တာရယ်လို့တော့မရှိပါဖူးဦးညဏ်ရဲ့ ဦးညဏ်ပေးချင်တာပေးလေ " ဟုပြောကာ ငါးများကိုအစာဆက်ကျွေးနေလိုက်သည်။
ထိုစဉ် ညဏ်စစ်သွေးက အင်္ကျီအိတ်ကပ်ထဲမှ အနီရောင်ဘူးလေးထုတ်ကာ

"ပွင့်ဖြူ ရော့ ဒါပွင့်ဖြူအတွက်
ဖွင့်ကြည့်ပါအုံး ကြိုက်ရဲ့လား " ဟုဆိုကာ အနီရောင်ဘူးလေးအားပွင့်ဖြူသို့ လှမ်းပေးလိုက်သည်။
ညဏ်စစ်သွေးဆီက အမှတ်တရလက်ဆောင်ရမည်ဟု မထင်ထားသော ပွင့်ဖြူတစ်ယောက်အလွန်အံ့ဩသွားသည်။ထို့ကြောင့်မျက်လုံးအဝိုင်းသားလေးနှင့်ကြည့်ကာ ဘူးကိုယူပြီးဖွင့်လိုက်ရာ

"ဟင် ဆွဲကြိုးလေးပါလား လော့ကတ်လေးကလဲလှလိုက်တာ ဦးညဏ်ကပွင့်ဖြူအကြိုက်ရွေးတတ်သားပဲ ကျေးဇူးအများကြီးတင်ပါတယ်ဦးညဏ် " ဟုဆိုကာ ပလက်တီနမ်မျှော့ကြိုးမျှင်ပေါ်မှာ လပ်ကီးသစ်ရွက်သဏ္ဏာန် စိန်ကွပ်ထားသည့်လော့ကတ်လေးကို ကြည့်ကာ ပွင့်ဖြူအပျော်ကြီးပျော်နေမိသည်။

"ကိုဆွဲပေးရမလား" ဟုဆိုကာ ညဏ်စစ်သွေးတစ်ယောက် ပွင့်ဖြူနားရောက်လာသည်။
ပွင့်ဖြူကခေါင်းညိတ်ပြသဖြင့် ညဏ်စစ်သွေးက ပွင့်ဖြူအရှေ့မျက်နှာချင်းဆိုင်တွင် ရပ်လျက် ဆွဲကြိုးလေးကို ဆွဲပေးလိုက်ရာ ပွင့်ဖြူခေါင်းလေးကရှေ့သို့ငိုက်ပေးလိုက်သဖြင့် ညဏ်စစ်သွေးရင်ခွင်နား ခေါင်းလေးတိုးဝှေ့နေသကဲ့သို့ဖြစ်သွား၏။
ပွင့်ဖြူအသက်ရှုသံများ ခေတ္တရပ်တန့်သွားသည်ဟုပင်ထင်မှားရလောက်သည်။

"ပွင့်ဖြူလည်တိုင်လေးနဲ့ ဒီဆွဲကြိုးလေးကအရမ်းလိုက်ဖတ်တာပဲကွာ" ဟု ဆွဲကြိုးဆွဲပေးပြီးနောက် ညဏ်စစ်သွေးက ခါးထောက်ကြည့်ကာ ပြောလိုက်၏။

"ပွင့်ဖြူ    ပွင့်ဖြူအတွက်ကိုဒီညနေ surprise တစ်ခုစီစဉ်ထားတယ် "

"ဟင် ဘာတေစီစဉ်ထားတာလဲဦးညဏ်ရဲ့ ပွင့်ဖြူသိချင်လိုက်တာ "

The SunsetWhere stories live. Discover now